ထိုင်းထီဘတ် (4000)ပေါက်တဲ့အတွက် ၀မ်းသာပီတိဖြစ်ကာ လှူဒါန်းမှုတွေဆက်လက်ပြုလုပ်သွားမယ့်အကြောင်းပြောလာတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/4a/4a572f369549bde831a72d36de0b4ca94843d620.jpg
အနုပညာရှင်များ

 ၁၆-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.......မင်းသမီးချောလေးဆောင်းယွန်းစံကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အချိန်တိုအတွင်းရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင်ဆောင်းယွန်းစံဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီးလည်း လူငယ်တစ်ယောက်ပီပီ ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အင်တိုက်အားတိုက်ပါ၀င်လုပ်ကိုင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc

ဆောင်းယွန်းစံဟာ အလှူအတန်းနဲ့ပက်သက်ပြီးတော့လည်း အမြဲလိုလိုအားတက်သရောနဲ့ လှူဒါန်းလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး အခုလက်ရှိကာလမှာဆိုရင်လည်း သူမ တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းပေးနေတာပါ။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ ဈေးရောင်းပြီး ရရှိတဲ့အမြတ်အစွန်းတွေကို ထပ်မံလှူဒါန်းသွားမည့်အကြောင်းကိုလည်း တင်ပေးထားတာတွေ့ရပါတယ်.....။

Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc

အလှူအတန်းရက်ရောတဲ့ ဆောင်းယွန်းစံဟာ ယနေ့မှာလည်း ထိုင်းထီ ဘတ်(၄၀၀၀)ကံထူးခဲ့တဲ့အတွက် ၀မ်းသာပီတိဖြစ်ကာ လှူဒါန်းသွားမယ့်အကြောင်းကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ "ထိုင်းထီ ဘတ် ၄၀၀၀ ပေါက်တယ်..ရေး ရေး လှူမယ် လှူမယ်ဗျို့??..." ဆိုပြီး ရေးသားမျှဝေလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Saung Yoon San's Facebook acc
Photo credit-Saung Yoon San's Facebook acc

သတင်း အရင်းအမြစ်Saung Yoon San's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T