Miss Universe ပြိုင်ပွဲတွင် အကောင်းဆုံးဝတ်စုံဆုရရှိခဲ့ပြီး မြန်မာနိုင်ငံဂုဏ်ကို ဖော်ဆောင်နိုင်ခဲ့တဲ့ သူဇာဝင့်လွင်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/44/4446edaf7735ef9752f0d0b4fd3a4533bcad22e5.jpeg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးကိုတော့ မြန်မာနိုင်ငံ စံတော်ချိန် ဒီနေ့မနက် ၆:၃၀ မိနစ်တွင် အမေရိကန်နိုင်ငံမှာ ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှ အလှမယ်များစွာကလည်း အမိုက်စားဖက်ရှင်တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့  အလှမယ် သူဇာဝင့်လွင်ကတော့ Top 21 Finalists အထိ ရောက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ Candy ကတော့ ပထမဦးဆုံး Placement ရတဲ့ မြန်မာအလှမယ်အဖြစ် မော်ကွန်းသစ် ရေးထိုးနိုင်ခဲ့ပြီပဲ  ဖြစ်ပါတယ်။

Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 

Miss Universe ပြိုင်ပွဲကြီးရဲ့ Best in National Costume ဆုကြီးကိုတော့ သူဇာဝင့်လွင်မှ ချင်းရိုးရာဝတ်စုံဖြင့်ထိုက်ထိုက်တန်တန်ဆုခူးရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ တွင် ကျင်းပခဲ့သော Miss Universe ပြိုင်ပွဲတွင် အကောင်းဆုံး ဝတ်စုံဆုကို အလှမယ် ထက်ထက်ထွန်းမှ ရုပ်သေးဝတ်စုံဖြင့် ရရှိခဲ့တာဖြစ်ပြီး အခုကတော့ မြန်မာနိုင်ငံအတွက်ဒုတိယအကြိမ်ရယူနိုင်ခဲ့တာ  ဖြစ်ပါတယ်။ ပရိသတ်များနဲ့ အနုပညာရှင်များကလည်း မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဖော်ဆောင်နိုင်ခဲ့တဲ့ သူဇာဝင့်လွင်အတွက် ဝမ်းသာပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။

Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page 
Photo Crd-Thuzar Wint Lwin’s Facebook Page&nbsp;<br>
Photo Crd-Thuzar Wint Lwin’s Facebook Page 

အလှမယ် ထားထက်ထက်မှလည်း " Congratulations Miss Universe Myanmar 

We all are so glad to hear that you win the Best in National Costume ???

၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးရဲ့ Best in National Costume ဆုကို ချင်းရိုးရာ ဝတ်စုံဖြင့် 

မြန်မာအလှမယ် သူဇာဝင့်လွင်မှ ရရှိသွားပါတယ်။

ကျွန်မတို့တွေအတွက် ဝမ်းသာစရာသတင်းဖြစ်ရသလိုအားတက်စရာလည်း ဖြစ်ရပါတယ်။ " လို့ သူမရဲ့လူမှုကွန်ယက်တွင် ရေးသားထားတာ ဖြစ်ပါတယ်။ သူဇာဝင့်လွင်ကလည်း သူမကိုအားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပမှပရိသတ်များ၊ စိတ်ရောလူပါ အပင်ပန်းခံပြီး သင်ကြားပေးခဲ့တဲ့ Trainer ဆရာနဲ့ National Costume အတွက် အချိန်မဆိုင်းဘဲ ကူညီပေးကြသူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားထားတာ ဖြစ်ပါတယ်။ Candy ရဲ့ Facebook Page တွင်လည်း " ဆုတောင်းတွေပြည့်ခဲ့ပါပြီ ❤️သူဇာနဲ့အတူတူ ချစ်တဲ့ပရိတ်သတ်တွေအားလုံးလည်း ပျော်ရွှင်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒီ့ထက်ပိုမြင့်မားတဲ့result ရယူပေးချင်ခဲ့ပေမယ့် Top 21 ပါခဲ့တဲ့အတွက်တော့ အားလုံးစိတ်ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူဇာ့ကို အချိန်နဲ့အမျှ စောင့်ကြည့်အားပေးပူပန်ပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပရိတ်သတ်များနဲ့ Miss Universe ပြိုင်ပွဲကြီးဆီ အရောက်သွားနိုင်အောင် အဖက်ဖက်က ပံ့ပိုးကူညီပေးခဲ့တဲ့အသိမိတ်ဆွေများ၊ အခုလိုခက်ခဲတဲ့ကာလကြီးမှာ Training အတွက်စိတ်ရောလူရောအပင်ပန်းခံပြီးသင်ကြားပေးခဲ့တဲ့ သူဇာ့ရဲ့ Trainer ကိုအောင်ပိုင်၊  National Costume အတွက် အချိန်မဆိုင်းဘဲ ကူညီပေးခဲ့တဲ့ ချင်းတောင်တန်း (အတ္တလန်တာ၊ ဂျော်ဂျီယာ)နှင့်အတူအမေရိကရောက်ချင်းလူမျိုးများ၊ NC အတွက် Voting ပေးခဲ့ကြသော ပြည်တွင်း/ပြည်ပ ပရိသတ်တွေအားလုံးကိုဒီနေရာကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်

We may have lost everything

But we still never fail if we are MYANMAR ?? " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမကျင်းပမီအချိန်ကာလအတွင်း အခက်အခဲတွေများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တာပါ။ လောလောဆယ် မြန်မာနိုင်ငံကိုပြန်လာဖို့လည်း အဆင်မပြေသေးတာကြောင့် ပြည်ပရောက်နေကြတဲ့ ရွှေမြန်မာများအားလုံး Candy လေးကိုဝိုင်းဝန်းစောင့်ရှောက်ပေးကြပါဦးလို့ တောင်းဆိုလိုက်ပါရစေ။

Source and Photo Crd-Thuzar Wint Lwin’s And Htar Htet Htet’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T