" အခက်အခဲတွေကြားထဲကဆုရအောင်ယူပေးခဲ့ပေမယ့် လတ်တလောပြန်လာလို့မရသေးတဲ့ ညီမလေးသူဇာဝင့်လွင်အတွက် အကူအညီတောင်းခံလာတဲ့ မေ "

//s9.kh1.co/55/553ceeadec64eab32d287f2468afefeb4146627d.png
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

Miss Universe Myanmar အဖြစ်နဲ့ မြန်မာပြည်သူတွေရဲ့အခက်အခဲတွေကိုရော ရိုးရာဓလေ့ကိုပါ Miss Universe စင်မြင့်ထက်မှာ ချပြနိုင်ခဲ့တဲ့ သူဇာဝင့်လွင်ဟာ Top 21 List ထဲပါဝင်ခဲ့သလို Best National Costume ဆုလည်း အရယူပေးနိုင်ခဲ့ပါတယ်။ တကယ်ပြိုင်မယ့်ဝတ်စုံဟာ အချိန်မီရောက်မလာခဲ့ပေမယ့် ချင်းရိုးရာဝတ်စုံလေးကိုဆင်မြန်းပြီး " Pray for Myanmar " ဆိုင်းဘုတ်ကိုင်ကာ မြန်မာ့အရေးကို စင်မြင့်ထက်မှာ ရဲရဲဝံ့ဝံ့ချပြခဲ့သူတစ်ယောက်ပါ။ ပြိုင်ပွဲမပြိုင်ခင်မှာလည်း ပွဲကိုသွားနိုင်ဖို့ အခက်အခဲကြုံခဲ့ရ သလို ပြိုင်နေစဉ်မှာလည်း အဆင်မပြေမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် Candy ဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးဖြစ်ပြီး မြန်မာပြည်အတွက်ဂုဏ်ယူရမယ့် အမျိုးသားဝတ်စုံဆုကို သိမ်းပိုက်ပေးနိုင်ခဲ့ပါတယ်။

Photo Credit - Htar Htet Htet's FB Acc
Photo Credit - Htar Htet Htet's FB Acc

ချစ်ရတဲ့ညီမလေးအတွက် စိတ်ပူရတဲ့အကြောင်းနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို " သွားပြိုင်ဖို့ တစ်ပတ်အလိုလောက်မှ Visa ရခဲ့တာပါ။ အစကမရတော့ဘူးလက်လျှော့ရတော့မလားတောင်ထင်ထား တာပါ။ မမျှော်လင့်ဘဲ ပြည်ပကမိတ်ဆွေတစ်ဦးရဲ့အကူအညီကြောင့် အချိန်မီရခဲ့တာပါ။ ဒီပွဲကိုသွားပြိုင်ဖို့ အတွက်မေတို့အရမ်းခက်ခဲခဲ့ပါတယ်။ ဒီကာလက အားလုံးအကျပ်အတည်းဖြစ်နေတဲ့ကာလပါ မေတို့ဆိုလည်းအလုပ်တွေလုံးဝရပ်ထားရတာ လေးလပြည့်တော့ပါမယ်။ အနားကပ်မှ လေယာဉ် လက်မှတ်ဖြတ်ရတာဆိုတော့ အရမ်းဈေးများပါတယ်။ မသွားခင်ပြင်ဆင်ရတဲ့စရိတ်၊ ဟိုမှာသုံးဖို့စွဲဖို့ စရိတ်တွေနဲ့ဆိုရင် တော်တော်ကိုအကုန်အကျများပါတယ်။ ပုံမှန်အချိန်ဆိုရင်တော့ အဆင်ပြေပေမယ့် အခုလိုဘာမှန်းမသိတဲ့အခြေအနေကြောင့်မေတို့လည်းအတော်ခက်ခဲခဲ့ပါတယ်။ ပိုဆိုးတာကမေလည်း အခုဆိုရှောင်ပုန်းပြီးနေရတဲ့အချိန်‌ဆိုတော့ပိုခက်ခဲပါတယ်။ သူလည်းဒီကထွက်သွားပြီဆိုတာနဲ့ ပြန်လာဖို့အဆင်မပြေနိုင်တာကို ကြိုတွက်ဆထားပြီးသားပါ။ ပွဲပြီးနောက်ပိုင်းအခြေအနေကို မေပိုပြီးစိတ်ပူပါတယ်။ US ရောက်နေတဲ့ ရွှေမြန်မာတွေကို မေ အကူအညီလေးတစ်ခုလောက် တောင်းချင်ပါတယ်။ မေ့ညီမလေး ပြိုင်ပွဲပြီးသွားလို့ ပြန်လာဖို့အဆင်မပြေသေးတဲ့အချိန်မှာ သူတစ်စုံတစ်ခု အခက်အခဲဖြစ်လာရင် သူ့ကို ကူညီစောင့်ရှောက်ပေးကြပါနော်။ စိတ်မပူဘူး‌လို့နေပေမယ့်လည်း စိတ်တော့ပူပါတယ်။ အားလုံးရဲ့ကျေးဇူးတွေကိုမမေ့ပါဘူး " ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

Photo Credit - May's FB Acc
Photo Credit - May's FB Acc

အရည်အချင်းရှိပြီး တော်လွန်းထက်လွန်းတဲ့ညီမလေးအတွက်ဂုဏ်ယူရသလို ကြုံတွေ့လာတဲ့ အခက်အခဲတွေကိုလည်း ရဲရဲကြီးရင်ဆိုင်နိုင်ဖို့အတွက် " ဘဝဆိုတာဒီလိုပါပဲ အခက်အခဲတွေက တစ်ခုမဟုတ်တစ်ခုကြုံနေရမှာပဲ ဘယ်လောက်ပဲအခက်အခဲတွေ တွေ့ကြုံနေပါစေ အနည်းဆုံးတော့ မင်းဟာလွတ်မြောက်နေသေးတယ် လွတ်လွတ်လပ်လပ်နဲ့ဘဝကိုရှင်သန်ဖို့ အခွင့်အရေးတွေလည်း ရှိနေသေးတယ် ကြုံလာတဲ့အခက်အခဲတိုင်းကို အခွင့်အရေးအဖြစ် အသုံးချပြီး မြင့်သထက်အမြင့်ဆုံးကို သာပျံသန်းနိုင်ပါစေ ❤️ " ဆိုပြီး အမကြီးအမိရာပီသစွာနဲ့ စိတ်ခွန်အားပေးခဲ့ပါတယ်။ မြန်မာပြည်အတွက် အမှတ်တရဖြစ်စေမယ့် NC ဆုကို အရယူပေးခဲ့လို့ ကျေးဇူးတင်ပါတယ် Candy လေးရေ။

Photo Credit - Htar Htet Htet's FB Acc
Photo Credit - Htar Htet Htet's FB Acc

သတင်း အရင်းအမြစ်May's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T