မင်းတပ်မှာ ဖြစ်ပွားနေတဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သတ်ပြီး အလွန်ကြေကွဲ နာကျင်စွာ ခံစားနေရတဲ့ ကိုပေါက်

//s9.kh1.co/af/af4e84d891266a30295676af1844b7d1ef2e9e91.jpg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

စကားပြောရာမှာ ဟာသဉာဏ်ရွှင်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်၊ ဒါရိုက်တာ ကိုပေါက် ကိုတော့ ပရိသတ်ကြီးတွေ အားလုံး သိကြမယ် ထင်ပါတယ်။ ကိုပေါက်ကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေ၊ ပရိသတ်တွေ နဲ့အတူ အမှန်တရားဘက်က ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ယခုအခါမှာတော့ လက်ရှိ မင်းတပ်မှာ ဖြစ်ပေါ် နေတဲ့ အခြေအနေတွေ နဲ့ ပတ်သတ်ပြီး မခံမရပ်နိုင်ဖြစ်ကာ အိမ်မက်တွေ အကောင်အထည်ဖော်ရန် အားတင်းထားဖို့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

Photo Crd - Aung Min Naing' fB account
Photo Crd - Aung Min Naing' fB account
Photo Crd - Aung Min Naing' fB account
Photo Crd - Aung Min Naing' fB account

မင်းတပ်ဟာ ချင်းပြည်နယ်(တောင်ပိုင်း)က သိမ့်လှတဲ့ မြို့ကလေးပါ။ တောတောင်တွေ ထူထပ်ပြီး ပေ ၅၀၀၀ နီးပါး မြင့်တာမို့ နွေခေါင်ခေါင်မှာတောင် ရာသီဥတု အေးမြပါတယ်။ ရန်ကုန်သူ၊ ရန်ကုန်သားတွေ အရမ်းကြိုက်တဲ့ နေရာလေးဆိုရင်လည်း မမှားပါဘူး။ အရပ်သား အစိုးရ လက်ထက်မှာ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာတာကြောင့် ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာပြီး ဧည့်အဝင်၊အထွက်နဲ့ အရမ်းကို စည်ကားခဲ့တဲ့ နေရာလေး ပဲ ဖြစ်ပါတယ်။

Photo Crd - Aung Min Naing' fB account
Photo Crd - Aung Min Naing' fB account
Photo Crd - Aung Min Naing' fB account
Photo Crd - Aung Min Naing' fB account

အာဏာ သိမ်းတဲ့ အချိန်က စပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေနဲ့ အတူ အမှန်တရား ဘက်ကနေ ဒီမိုကရေစီ အတွက် တိုက်ပွဲ ဝင်ခဲ့တဲ့ မြို့လေးပဲဖြစ်ပါတယ်။ ယခုလက်ရှိ အခြေအနေမှာတော့ မင်းတပ်မြို့လေးဟာ မငြိမ်းချမ်းပဲ အကြမ်းဖက်ဖြိုခွင်းမှုတွေ နေ့​​​​စဥ်ဖြစ်ပွားနေတာကြောင့် ကိုပေါက်ဟာ "မင်းတပ်အတွက် ထပ်တူထပ်မျှ

အလွန်ကြေကွဲနာကျင်စွာ ခံစားရပါတယ်။

အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့

ပါးပေါ်ကမျက်ရည်ပူတွေကိုမသုတ်လိုက်နဲ့အုံး။

အားတင်းထားပါ......" ဆိုကာ "ကိုယ့်နေရာလေး ကွက်အေးနေရုံနဲ့ နွေကို ပူတယ်လို့ မထင်တော့ဘူးလား" ဆိုပြီး ဆရာမ ခင်နှင်းယုရဲ့ ကဗျာလေးနဲ့ အတူ ဖော်ပြလာတာကို ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်........။

Photo Crd - Aung Min Naing' fB account
Photo Crd - Aung Min Naing' fB account
Photo Crd - Aung Min Naing' fB account
Photo Crd - Aung Min Naing' fB account

သတင်း အရင်းအမြစ်Aung Min Naing' fB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T