ဘာလုပ်လုပ် အပြစ်လိုက်ပြောနေကြသော လူတစ်ချို့အား ထိမိလှတဲ့စကားလုံးများဖြင့် ပြန်လည်ချေပလိုက်တဲ့ ဘုန်းမင်းနေလ

//s9.kh1.co/d0/d0cb0d1129da5f0e2d13de7c85b2e3ec814d88d1.jpeg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မိခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိပြီး တက်သစ်စအနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားသူကတော့ ဘုန်းမင်းနေလပဲ  ဖြစ်ပါတယ်။ သူကတော့ အနုပညာဘက်တွင် ပါရမီရှိရုံသာမကဘဲ ပညာရေးဘက်မှာလည်း မိခင်ဂုဏ်ယူရလောက်အောင်  ထူးချွန်သူတစ်ဦး ဖြစ်ပါတယ်။ မိခင်ဖြစ်သူကိုလိုလေသေးမရှိအောင် ဂရုစိုက်တတ်သူ သားလိမ္မာလေး ဖြစ်တာကြောင့် အားလုံးရဲ့ ချီးကျူးမှုတွေကို ရရှိထားတာဖြစ်ပါတယ်။ 

Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 

ဒီရက်ပိုင်းမှာတော့ ဘုန်းမင်းတစ်ယောက် စိတ်မကောင်းစရာကိစ္စတစ်ခုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ မနေ့ကသူ့ရဲ့ လူမှုကွန်ယက်တွင် ၂၀၁၉ ခုနှစ်က ပုံအဟောင်းကို " ဒီလိုလေး မရယ်ရတာ ကြာပြီ " ဆိုတဲ့ Caption ဖြင့်တင်မိလိုက်တာကြောင့် ပရိသတ်များမှ လူတွေ စိတ်သောကရောက်နေချိန်မှာ အခုလို ဓာတ်ပုံတွေ တင်တဲ့အတွက်ဘုန်းမင်းကို ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ဘုန်းမင်းကလည်း သူ့ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကိုပရိသတ်တွေအား အခုလို ပြန်လည်ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 

" တော်လှန်ရေးအစပိုင်းကာလမှာ ကျွန်တော်တို့ ရွေးကောက်တင်မြှေက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အစိုးရအား လက်မခံခဲ့ဘဲ လူထုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပါတယ်။ Social Punishment ကိုကြောက်လို့ တော်လှန်ရေးမှာပါဝင်ခဲ့တာ မဟုတ်ပါဘူး။ ဘယ်လိုပါဝင်ခဲ့လည်းဆိုတာကိုလည်း သူ့ရဲ့ လူမှုကွန်ယက်တွင် ဝင်ကြည့်နိုင်ပါတယ်။စိတ်မကောင်းစွာနဲ့ပဲ ရှေ့တန်းမှာ ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာတွေကိုတော့ ဓာတ်ပုံရိုက်ပြီး Facebook ပေါ်မှာ တင်ဖို့အချိန်မရှိခဲ့ပါဘူး။ ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲဆိုခံထားရတဲ့ စာရင်းမှာ သူ  မပါဝင်ခဲ့တဲ့အတွက် ဘယ်တော့မှဝမ်းသာသွားမှာလည်း မဟုတ်ပါဘူး။ အာဏာသိမ်းခံပြီး ၁၈ ရက်မြောက်နေ့မှာ သူ့ရဲ့အဘွားဟာ ကိုဗစ်ရောဂါဖြင့်ဆုံးပါးသွားခဲ့တာကြောင့် ဒီကာလတွေဟာ သူ့အတွက် အရမ်းကိုခက်ခဲခဲ့ပါတယ်။ အဘွားဆုံးပြီး နောက်ပိုင်းမှာလည်း စစ်အာဏရှင်တွေကို လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် သူ့ရဲ့မိခင်မှ ရက်အတော်ကြာ စကားမပြောဘဲ နေတာကိုခံခဲ့ရသေးတာ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် လတ်တလောမှာ Speak Out မလုပ်ဘဲတိတ်ဆိတ်ငြိမ်သက်ခဲ့တာ ဖြစ်ပါတယ်။ သူတင်ခဲ့တဲ့ ၂၀၁၉ က ပုံအဟောင်းမှာလည်း လတ်တလောအခြေအနေတွေကြောင့် အခုလိုမပြုံးနိုင်တော့တဲ့အဓိပ္ပာယ်ဖြင့် တင်ခဲ့ကြောင်းကို ရှင်းပြထားတာ ဖြစ်ပါတယ်။ ငါထောင်ထဲသွားရင် မင်းတို့ကငါ့မိသားစုကိုထမင်းကျွေးထားမှာလား? ဒီမပြီးဆုံးသေးတဲ့တော်လှန်ရေးမှာ ငါလည်း တတ်နိုင်သလောက်လုပ်ခဲ့တာပဲ။ ဒီမိုကရေစီရဖို့ ငါတို့အခွင့်အရေးတွေရဖို့ ငါတို့ကြွေးကြော်ခဲ့ကြတယ်။ အခုကျတော့မင်းတို့က ငါ့အခွင့်အရေးတွေကို ဆုံးရှုံးအောင်လုပ်တယ် ဒီလိုလူမျိုးတွေက အာဏာရှင်ထက်ပိုဆိုးတယ်။ 

ငါတို့ကိုသေစေချင်နေတာပဲ ကျွန်တော်ပြောတဲ့ အရာတွေကို အားလုံးလည်း လက်ခံကြမယ် ထင်ပါတယ်။ စိတ်ခံစားချက်တွေ ပြင်းထန်နေတဲ့အတွက် စာရေးတာမှားသွားခဲ့ရင် တောင်းပန်ပါတယ်။ ပျော်နေတာမဟုတ်တဲ့အတွက် အဲ့လိုအထင်ခံရတာအဆိုးဆုံးပဲ။ ကိုယ့်လိပ်ပြာတော့ကိုယ်လုံပါတယ် ဒါပေမဲ့ ပြီခဲ့တဲ့ နှစ်ကပုံလေးတင်မိတာ ကို ဝင်ပြောနေတဲ့လူတွေ က tiktok မှာ tiktoker တွေ ဆော့နေတာကြတော့မျက်စိပိတ်နားပိတ်နဲ့ ပြောပါဘာတွေများထက်လုပ်ပေးရဦးမှာလဲ ထောင်ထဲဝင်ပေးမှကျေနပ်မှာလား။ ထပ်ပြောပါရစေ ဓာတ်ပုံက ၂၀၁၉ စင်္ကာပူမှာတုန်းကပုံ အခုအရမ်းခက်ခဲနေလို့ အဲ့လိုမရယ်နိုင်တာကြာပြီလို့တင်မိတာအဲ့လောက်အပြစ်ကြီးသွားလား တစ်ကယ်စိတ်ဓာတ်ကျတယ် အခုပြောနေတဲ့လူတွေကရော အရေးတော်ပုံမှာဘာတွေများကျွန်တော့်ထက်ပိုလုပ်ပေးနေလိုလည်းပြောပါ ?တစ်ခါတစ်လေလူတွေကလွန်လွန်းတယ်။ အခုကိစ္စမှာမရှင်းဘဲ ငြိမ်နေလိုက်ရင်ပြီသွားမယ်ဆိုတာသိတယ် ဒါပေမဲ့ သူတို့ရဲ့ logic ကြိီးကမပြင်ရင်ပြီးမှာမဟုတ်ဘူး အဖမ်းမခံရတဲ့အနုပညာရှင်တွေကိုဘာလုပ်လုပ်အပစ်လိုက်တင်နေဦးမှာပဲ...။Speak out လုပ်တာချင်းတူတူတောင် ဝရမ်းမှာနာမည်မပါရင်မရှိတဲ့အပြစ် လိုက်ရှာနေတာ #gg #logic ကျေးဇူးတင်စရာလည်းမလိုပါဘူး ဖင်တော့လှန်မပြပါနဲ့ " ဆိုပြီး ဖြေရှင်းထားတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်းအပြစ်ရှာကြံပြီး ပြောနေကြသူတွေအကြောင်းကို မစဉ်းစားဘဲ ကိုယ်လုပ်စရာရှိတာတွေကိုသာ လုပ်ဆောင်သင့်ကြောင်း အားပေးစကားများ မှတ်ချက်ပေးရေးသားထားကြတာ ဖြစ်ပါတယ်။ ဘုန်းမင်းတစ်ယောက် ခံစားနေရတဲ့အရာတွေ အမြန်ဆုံးအဆင်ပြေသွားပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Phone Min Nay La’s Facebook Account 

Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 
Photo Crd-Phone Min Nay La’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T