ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ အင်္ကျီလေးကို ရောင်းချကာ ရသမျှကို အဆင်မပြေတဲ့ ပြည်သူတွေအတွက် လှူဒါန်းမယ့် ဆောင်းယွန်းစံ

//s9.kh1.co/b9/b991f6bedf376864b90bba8ea04537edd909ff64.jpeg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

သရုပ်ဆောင်  ဆောင်းယွန်းစံကတော့  လက်ရှိမှာ အလှူအတန်းတွေ  ပြုလုပ်ရင်းနဲ့  ပြည်သူတွေရဲ့ အခက်အခဲတွေကို  ကူညီ ဖြေရှင်းပေးနေတာလည်း  ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင် ပြည်သူတွေ အတွက်လည်း ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းကာ လှူဒါန်းမှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ရုပ်လေးလည်း လှသလို စိတ်ထားလေးကလည်း မွန်မြတ်လှတာကြောင့် ပရိသတ်တွေက သဘောကျ နှစ်သက်ပြီး ချီးကျူးနေရတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ 

 Photo Credit : Saung Yoon San Facebook Account
 Photo Credit : Saung Yoon San Facebook Account
 Photo Credit : Saung Yoon San Facebook Account
 Photo Credit : Saung Yoon San Facebook Account

မေလ (၁၉) ရက်နေ့မှာလည်း တောင်ဒဂုံက ကျုးကျော်တဲ (၃၀၀) ကို လိုအပ်တာများ သွားရောက် လှူဒါန်းဖို့ ရှိကြောင်းဖော်ပြထားပါတယ်။အလှူနဲ့ ပတ်သက်ပြီးလည်း ဒီလိုကာလမှာ အဆင်မပြေ ကြသူတွေ များပြားတာကြောင့် အလှူငွေ မကောက်ရက်ဘဲ သူကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ အင်္ကျီလေးတွေကိုပဲ ရောင်းချကာ ရသမျှငွေနဲ့ လှူဒါန်းမယ့် အကြောင်းကိုလည်း ခုလို သူရဲ့ အကောင့်လေးမှာ ရေးသား ဖော်ပြလာပါတယ်။

 Photo Credit : Saung Yoon San Facebook Account
 Photo Credit : Saung Yoon San Facebook Account
 Photo Credit : Saung Yoon San Facebook Account
 Photo Credit : Saung Yoon San Facebook Account

" ၁၉ရက်နေ့မှာ တောင်ဒဂုံက ကျုးကျော်တဲ ၃၀၀ ကိုသွားရောက်လှုဒါန်းပါမယ်ရှင့်..အလှူငွေတော့မကောက်ရက်ပါဘူး.. အားလုံးအဆင်မပြေဘူးဆိုတာသိပါတယ်.. ဒါပေမယ့် ဆောင်းတို့ထပ်အများကြီးခက်ခဲနေတဲ့သူတွေရှိပါတယ်..သူတို့ကိုသွားရောက်လှူဒါန်းမှာပါ..ဆောင်းကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ အကျီလေးတွေကိုရောင်းပါ့မယ်.. S/M/L/XL Price -4500Boy and Girl  Edit(ခုချိန်မှာဆောင်းအတွက် စျေးရောင်းဖို့ဆိုတာအရမ်းရှက်ပါတယ်..အားလဲနာပါတယ်..ဆောင်း မရောင်းရင် ကူညီဖို့အတွကိဆောင်းမှာလဲငွေပိုငွေလျှံအများကြီးမရှိပါဘူး..အလှူလဲ မခံရက်ပါဘူး..အဲ့တာကြောင့် ရောင်းတာပါရှင့်.နားလည်ပေးပါနော်..) " ဆိုပြီး ဖော်ပြထားပါတယ်။ ခက်ခဲနေတဲ့ အချိန်မှာ လိုအပ်သူတွေကို နည်းသည် များသည် ဖြစ်စေ လှူဒါန်းခြင်းကလည်း မွန်မြတ်တဲ့ အလှူလေးပါပဲနော်။  ပရိသတ်ကြီးလည်း အဆင်ပြေရင် ဆောင်းယွန်းရဲ့ အင်္ကျီလေးကို အားပေးရင်း အလှူလေးမှာ ပါဝင် ကုသိုလ် ယူလိုက်ပါဦးနော်။

 Photo Credit : Saung Yoon San Facebook Account
 Photo Credit : Saung Yoon San Facebook Account
Source & Photo Credit : Saung Yoon San Facebook Account
Source & Photo Credit : Saung Yoon San Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T