ယူကြုံးမရဖြစ်နေကြရတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် လှိုက်လှိုက်လှဲလှဲ မေတ္တာပို့ဆုတောင်းပေးနေတဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/ee/ee226d03c5cd341cb8a20d295230db6162ecfc7f.jpeg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

လတ်တလော ရက်ပိုင်းအတွင်းမှာတင် ရန်ကုန်အပါအဝင် နေရာဒေသတော်တော်များများမှာ မီးလောင်မှုတွေ ဖြစ်ပွားနေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ တော်တော်များများ ဆုံးရှုံးခဲ့ကြရပါတယ်..။

မီးဘေးသင့်ပြည်သူတွေအနေနဲ့ ယူကြုံးမရဖြစ်ရသလို အားလုံးကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြပြီး ပြည်သူအချင်းချင်း လှူဒါန်းမှုတွေပြုလုပ်ဖို့အတွက်လည်း စတင်လုပ်ဆောင်နေကြကာ အားပေးစကားတွေနဲ့ ဖေးမကူညီနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကလည်း မီးဘေးသင့်ပြည်သူတွေအတွက် လှိုက်လှိုက်လှဲလှဲ မေတ္တာပို့ဆုတောင်းပေးနေပြီး ကိုယ်ချင်းစာ သနားမိသလို စိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသား ပြောပြလာပါတယ်..။

နှိုင်းယှဉ်ကတော့ မီးဘေးသင့်ပြည်သူတွေရဲ့ အပူသောကတွေက ကြီးမားကြသလို သူမအနေနဲ့ မြန်မာပြည်သူပြည်သားတွေ အမြန်ဆုံးအေးချမ်းစေဖို့ ရင်ထဲကနေ နက်နက်နဲနဲ မေတ္တာပို့ဆုတောင်းပေးနေတဲ့ အကြောင်းတွေကို ပြောပြထားတာပါ..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

"အားလည်းနာပါတယ် သနားလည်းသနားမိတယ်.. လေးလည်း လေးစားပါတယ် အိမ်ထဲမှာနေနေရတာ‌​တောင် ပူလောင်နေကြတာ တွေးကြည့်တာနဲ့ ကိုယ်ချင်းစာပါတယ် မီးဘေးထဲ ပါသွားတဲ့ သူတွေရဲ့ အပူသောကတွေလည်း ကြီးကြမှာပါ??? ကျွန်မ ဘုရားဖင်ဖူးထောင်းထောင်မရှိခိုး မေတ္တာ မပို့တတ်ပေမယ့် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အမြန်အေးချမ်းကြပါစေလို့ နက်နက်နဲနဲ မေတ္တာပို့ ပေးပါတယ်???ပါးစပ်က ရွတ်တာမဟုတ်ပါဘူးရှင်???ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ မေတ္တာပို့ပေးပါတယ်ရှင်.." ဆိုပြီး နှိုင်းယှဉ်က ရေးသားပြောပြထားတာပါ..။

သူမနဲ့ ပရိသတ်တွေကလည်း မီးဘေးသင့်ပြည်သူတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ကြရတဲ့အကြောင်းတွေကို Comment တွေမှာ ရေးသားဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T