ဒီကာလမှာ အလုပ်တွေနားထားရတာကြောင့် အလှူအတန်းတွေမလုပ်နိုင်လို့ စိတ်မကောင်း ဖြစ်နေတဲ့အကြောင်းကို ရင်ဖွင့်လာတဲ့ အေးသီတာ

//s9.kh1.co/52/526a1f8aaf700bdaba0b5cb052f40353f226d65c.jpg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိကာလ အချိန်မှာတော့ ပြည်သူလူထုက စစ်မှန်တဲ့ ဒီမိုကရေစီပြန်လည်ရရှိရေး အတွက်ကြိုးပမ်း ဆောင်ရွက်နေကြတာ ဖြစ်ပြီး အန္တရယ်တွေကြားကနေ လမ်းမပေါ်ကို ရအောင်ထွက်နေကြတာ ပဲဖြစ်ပါတယ်။ဒါပေမယ့်လည်း တစ်ဖက်မှာတော့ စားဝတ်နေရေးအတွက် အ ဆင်မပြေကြတဲ့သူတွေက အများအပြား ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ခုလို ခက်ခဲနေတဲ့ ပြည်သူတွေက လူမှုကွန်ယက် စာမျက်နှာပေါ်တွင် အကူအညီတောင်းခံကြသလို တစ်ဆင့် ပြန်လည်အလှူခံပေးနေသူတွေလည်း ရှိနေတာ ပဲဖြစ်ပါတယ်။

Photo Credit- Aye Thida FB Account
Photo Credit- Aye Thida FB Account
Photo Credit- Aye Thida FB Account
Photo Credit- Aye Thida FB Account

ပြည်သူအချို့နဲ့ အနုပညာရှင် တော်တော်များများကလည်း မရှိတဲ့ကြားကနေ စုပေါင်းပြီး တကယ်လိုအပ်နေတဲ့ နေရာတွေကို လိုက်လံ လှူဒါန်းပေးနေတာ ပဲဖြစ်ပါတယ်။ဒီထဲတွင် ဇာတ်ပို့သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ အေးသီတာကလည်း သူမတတ်နိုင်သလောက် လှူဒါန်းပေးနေတာ ဖြစ်ပြီး အခု နောက်ပိုင်းမှာဆိုရင်တော့ အလုပ်လည်း မရှိတာ​ကြောင့် Chat Box ကနေ အလှူလာခံကြတဲ့သူတွေကို မလှူနိုင်တော့တဲ့ အတွက် အလွန်စိတ်မကောင်း ဖြစ်နေတဲ့ အကြောင်းကို အခုလို ရေးသားဖော်ပြ ပေးလာတာ ဖြစ်ပါတယ်။

Photo Credit- Aye Thida FB Account
Photo Credit- Aye Thida FB Account
Photo Credit- Aye Thida FB Account
Photo Credit- Aye Thida FB Account

"ကျွန်မကိုcbကနေ အလှူလာခံကြတယ် ကျွန်မတစ်အားစိတ်မကောင်းဖြစ်ရပါတယ် မလှူနိုင်လို့ပါ ကိုယ်တွေရုပ်ရှင်တွေဗီဒီယိုတွေနား ယောက်ကျာ်းရဲ့ဂျာနယ်ဖြန့်ချီရေးလည်းနား ဒါပေမယ့်ကိုယ့်ကိုမှီခိုသူ တစ်သီတစ်သန်းကြီးရှိပါတယ် အဲ့တော့ ကျွန်မ ကြူသင်းရဲ့ဆန်ဆိုင်လှိုင်ဝတီကျော်ဆန်ဆိုင်ကဆန်လေးတွေယူရောင်းပေးပါတယ် လှူမယ်ဆို လည်းစီစဥ်ပေးရပါတယ်ဘာဘဲဖြစ်ဖြစ်အမေနဲ့ကိုယ်တွေစားဖို့လေးမပူရဘူး တစ်ခြားသုံးဖို့ လှူဖို့ဆိုတာဝေလာဝေးပါ နိုင်ငံခြားအလှူရှင်သို့္မဟုတ်တစ်ချို့လှူခိုင်းသူ ဆရာတော်လှူခိုင်းတဲ့နေရာတွေကိုတော့သွားလှူပေးရပါတယ် အဲ့လိုအခါမျိုးနဲ့ကြုံရင်တော့ထည့်လှူပေးလို့ရပါတယ် ကျွန်မလှူဖို့ကတော့ကျွန်မကိုယ်ကျွန်မတောင်အနိုင်နိုင်မို့တောင်းပန်ပါတယ် ဒါပေမယ့်မှတ်ထားပေးပါတယ်အလှူရှင်ရှိလာခဲ့ရင်လှူပေးပါ့မယ်နော်????"ဆိုပြီး ပရိသတ်တွေကို ပြောပြလာတာ ဖြစ်ပါတယ်။ပြည်သူတွေ အားလုံးက ဒီကာလမှာ ကြိုးစားပြီး ရုန်းကန်နေကြရတဲ့ အချိန်ဖြစ်ပေမယ့်လည်း တစ်ယောက်ကိုတစ်ယောက် ဝိုင်းဝန်းကူညီပေးတဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်.....

Photo Credit- Aye Thida FB Account
Photo Credit- Aye Thida FB Account
Photo Credit- Aye Thida FB Account
Photo Credit- Aye Thida FB Account

သတင်း အရင်းအမြစ်Aye Thida FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T