ဆရာများနေ့အထိမ်းအမှတ်အဖြစ်နဲ့ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ သီချင်းသီဆိုဖျော်ဖြေခဲ့တဲ့ ကရင်မလေး မာသာထူးဝါးရဲ့ဗီဒီယို

//s9.kh1.co/ec/ecdac24200db2dfaa882fcdb6551a1c7c9de6f9f.png
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

တေးရေးဦးထူးဝါးရဲ့မျိုးဆက်လေးဖြစ်တဲ့ နော်မာသာထူးဝါးဟာ ဖခင်ဖြစ်သူရဲ့ဂီတအမွေကို ဆက်ခံနိုင်တဲ့ သမီးလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကထိုင်းနိုင်ငံမှာနေခဲ့ပြီး ဖခင်ဖြစ်သူဆုံးပါးပြီးနောက်ပိုင်း ကျန်ရစ်တဲ့မိသားစုတွေက ကိုရီးယားနိုင်ငံကိုပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ ဖိုးမူကြီးရဲ့ ရင်တွင်းခံစားချက် အစစ်အမှန်တစ်ခုဖြစ်တဲ့ " အိမ်လေးတစ်လုံးလိုချင်တယ် " သီချင်းဟာ အောင်မြင်မှုရရှိခဲ့ပြီး အားပေးတဲ့ပရိသတ်တွေလည်း ရှိလာခဲ့ပါတယ်။ အသက်ငယ်ငယ်နဲ့ အောင်မြင်ခဲ့တဲ့ ဖိုးမူကြီးဟာ သူမရဲ့ဂီတအရည်အသွေးကို ပိုပြီးမြှင့်တင်နိုင်အောင် ကြိုးစားနေသူလေးပါ။ ဒီနေ့မှာလည်း ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ ဆရာများနေ့အတွက် သူမ ဖျော်ဖြေနေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။

Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc

နှုတ်ခမ်းဖျားကထွက်လာတဲ့ သံစဉ်လေးဟာ ရင်ထဲထိရောက်သွားအောင် ဆွဲဆောင်နိုင်တဲ့ အသံပိုင်ရှင်လေးပါပဲ။ အသင်အပြကောင်းတဲ့ ဆရာမနဲ့ဆုံတွေ့ခဲ့ရတာကြောင့် ရွက်ပုံးသီးလေးကနေ ရတနာလေးဖြစ်လာတော့မှာပါ။ သူမရဲ့ သီဆိုဖျော်ဖြေမှုကို မြန်မာပြည်မှာသာမက ကိုရီးယားလူမျိုးတွေကလည်း နှစ်သက်အားပေးကြပါတယ်။ ဆယ်ကျော်သက်အရွယ်ကလေးလေး တစ်ယောက်ဖြစ်ပေမယ့် ခံယူချက်နဲ့ ကြိုးစားမှုက လေးစားလောက်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ လည်း ဖိုးမူကြီးတို့တစ်မိသားစုလုံးဟာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့ပါတယ်။

Photo Credit - Martha Htoowah's FB Acc
Photo Credit - Martha Htoowah's FB Acc

အသင်အပြကောင်းတဲ့ဆရာမကြောင့်အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့တဲ့ ဗီဒီယိုလေးကို " Blessed Teacher Day. ??? သမီးကို အမြဲလမ်းပြပဲ့ပြင်ပေးပြီး၊ သီချင်းတွေကိုလည်းအကောင်းဆုံး သီဆိုနိုင်အောင် လမ်းပြပေးတဲ့ ဆရာမကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။ ဆရာမလို သီချင်းကောင်းကောင်းဆိုတတ် အောင် သမီးအများကြီး ကြိုးစားပါမယ်။ ကျေးဇူးအထူးတင်တယ်။ ချစ်တယ်။ ?‍???? " ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဖိုးမူကြီးနဲ့ ဆရာမတို့အတူတူ ဖျော်ဖြေခဲ့တဲ့ သီချင်းလေးဟာ စီးမျောလို့ကောင်းလွန်းတာမို့ ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Martha Htoowah's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T