International ပွဲတွေပြိုင်ပြီး ဆု placement ကောင်းကောင်းမချိတ်ခဲ့တဲ့ Miss Myanmar တွေကို ဆက်လက်ပြိုင်ဖို့ ဥပမာတွေနဲ့ တကွ တွန်းအားပေးလိုက်တဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/d3/d3d9f8c44b5d3dd4dcd645a8f7f8df4ea64480eb.jpg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

Mister Tourism World 2016 Winner ဆုကို ရရှိခဲ့တဲ့ ဥက္ကာမင်းမောင်ဟာ ဆိုရင်ဖြင့် ဒီနှစ် Miss Universe Myanmar သူဇာဝင့်လွင့်အတွက်အများကြီး ကူညီပေးခဲ့တဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူဇာဝင့်လွင့်ဟာ ဆိုရင်လည်း အခက်အခဲတွေ ကြားကနေ မြန်မာနိုင်ငံအတွက် Miss Universeမှာ Top 21 ထိ ရောက်အောင် ကြိုးစားပေးခဲ့ပြီး National Costume Winner ဆုကြီးကိုလည်း ရယူပေးခဲ့တဲ့ Miss တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Crd - Okkar Min Maung'FB account
Photo Crd - Okkar Min Maung'FB account
Photo Crd - Okkar Min Maung'FB account
Photo Crd - Okkar Min Maung'FB account

ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ဥက္ကာမင်းမောင် ဟာ ဒီနှစ် Miss Universe ရသွားတဲ့ Mexicoအလှမယ် အပါအဝင် အခြားသော Miss Universe ရခဲ့ အလှမယ် တွေနဲ့ မြန်မာနိုင်ငံက Missတွေကို နှိုင်းယှဥ် တွန်းအားပေးလိုက်ပါသေးတယ်။

"ဒီနှစ် Miss Universe ရသွားတဲ့ Mexico အလှမယ်ဟာ 2017 တုန်းက Miss World ပြိုင်ခဲ့ပြီး 1st runner up ရခဲ့သူပါ.. အခု Miss Universe ဖြစ်သွားပြီ.. Miss Philippines Catriona Grey လဲ Miss World ပြိုင်ပြီး Top 5 ပဲရခဲ့တာ.. Miss Universe ပြိုင်တော့ Winner တန်းဖြစ်သွားတယ်.. Mexico အလှမယ်ဟာ Q& A section နဲ့. Final statement တွေမှာ သူ့အဖြေတွေက ဒီလိုပါပဲ.. Peru နဲ့ Brazil က သူ့ထက် အများကြီး ပိုကောင်းပါတယ်.. သူရသွားတော့ အံ့သြလို့.. သူ့ရဲ့ Miss World မှာ တစ်ခါ သရဖူနဲ့လွဲပြီး ရပ်မသွားပဲ ဆက်လက်ပြိုင်ဆိုင်ချင်တဲ့ စိတ်ကိုတော့ respect ပါ.. အခုတော့ Miss Universe ဖြစ်သွားပြီပေါ့.."

Photo Crd - Okkar Min Maung'FB account
Photo Crd - Okkar Min Maung'FB account
Photo Crd - Okkar Min Maung'FB account
Photo Crd - Okkar Min Maung'FB account

" Top 5 မှာ winner ရစေချင်တာက India.. Q& A အဖြေတွေအရက ရသင့်တာ Peru (သို့) Brazil... ရသွားတာက Mexico.. ထားပါတော့.. Pia ဆိုလဲ Miss Philippines ဖြစ်ဖို့ ၄ကြိမ်မြောက်ပြိုင်ပြီးမှ Miss Philippines Universe ဖြစ်ပြီး Miss Universe 2015 လဲဖြစ်သွားတယ်.. ပြောချင်တာက မြန်မာပြည်က Miss Myanmar လေးတွေ တော်ပြီး တချိန်ကInternational ပွဲတွေပြိုင်ပြီး ဆု placement ကောင်းကောင်းမချိတ်ခဲ့ပေမယ့် ဖြစ်သင့်တဲ့ ဖြစ်နိုင်တဲ့ မိန်းခလေးတွေ အများကြီးရှိပါတယ်.. နောက်တကြိမ် ကမ္ဘာPageant ပွဲတွေအတွက် ထပ်ပြိုင်ဖို့ ရှူံးမှာကို မကြောက်ပဲ ဆက်လက်ပြိုင်စေချင်ပါတယ်.. ဘာပဲဖြစ်ဖြစ် ဒီနှစ်တော့ ကိုယ့်မြန်မာမလေး ဆုရပြီး ပထမဆုံး သမိုင်းမှာ Top placement ဝင်တာ အရမ်းကျေနပ်တယ်.. ဂုဏ်လဲယူတယ်.. အားပေးရကျိုးနပ်တယ်.. Congratulations ပါ Candy ရေ....." ရှုံးမှာကို မကြောက်ပဲ ပန်းတိုင်ကို မရောက် မချင်း လျှောက်လှမ်းဖို့ တွန်းအားပေးထားတာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဒီနှစ်မှာ ကြိုးစားပေးခဲ့တဲ့ Miss သူဇာဝင့်လွင် အတွက် ဂုဏ်ယူနေပြီး အားပေးခဲ့ရကြိုးနပ်ကြောင်းကို ဥက္ကာမင်းမောင်ဟာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသား ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်.......။

Photo Crd - Okkar Min Maung'FB account
Photo Crd - Okkar Min Maung'FB account
Photo Crd - Okkar Min Maung'FB account
Photo Crd - Okkar Min Maung'FB account
Photo Crd - Okkar Min Maung'FB account
Photo Crd - Okkar Min Maung'FB account

သတင်း အရင်းအမြစ်Okkar Min Maung'FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T