လူရွှင်တော်ကြီး ဦးစိန်ရိုးရဲ့နောက်ဆုံးဈာပနခရီးသို့ ဝမ်းနည်းပူဆွေးစွာဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြသော အနုပညာရှင်များ

//s9.kh1.co/ed/ed9352cf752308b49f3a3ef7695911a3831cb82e.jpeg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် ဟာသပြက်လုံးတွေထုတ်ကာ အပန်းပြေစေခဲ့သူကတော့ လူရွှင်တော်ကြီး ဦးစိန်ရိုးပဲ  ဖြစ်ပါတယ်။ သူကတော့ ဟာသ သရုပ်ဆောင်အဖြစ်နဲ့ပါ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများမှာပါ  ပါဝင်ရိုက်ကူးခဲ့သူလည်း  ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က  ကင်ဆာရောဂါဝေဒနာ ခံစားနေရတာကြောင့် အနုပညာလှုပ်ရှားမှုတွေ မလုပ်နိုင်တော့ဘဲ အိမ်တွင် အနားယူနေရတာ ဖြစ်ပါတယ်။ ဦးစိန်ရိုးကို ချစ်ခင်ကြသူများကလည်း သူ့အတွက်လိုအပ်တဲ့အရာများကို အိမ်တိုင်ရာရောက် လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Crd- U Kaung Kyaw’s Facebook Account 

အသက်အရွယ်ကြီးနေပြီဖြစ်တာကြောင့် ရောဂါရဲ့ ဒဏ်တွေကို ခုခံနိုင်စွမ်းမရှိတော့ဘဲ မေလ ၁၅ ရက်နေ့တွင်ကွယ်လွန်အနိစ္စရောက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်များနဲ့ အနုပညာရှင်များကလည်း အခုလို စွယ်စုံရ သက်ကြီးအနုပညာရှင်တစ်ဦး ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လူရွှင်တော်ကြီးဦးစိန်ရိုးရဲ့နောက်ဆုံးဈာပနခရီးကို ရေဝေးသုသန်သို့ အနုပညာရှင်များနှင့် ခင်မင်ရင်းနှီးရသော မိတ်တွေများက လိုက်ပါပို့ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 

မကြာသေးခင်နာရီပိုင်းလောက်ကလည်း လူရွှင်တော် ကောင်းကျော်ရဲ့ Facebook အကောင့်တွင် လူရွှင်တော်အသင်း(ရန်ကုန်)၏ နာယက ဟာသလူရွှင်တော်ကြီး ဦးစိန်ရိုး၏နောက်ဆုံး စျာပန မြင်ကွင်းပုံရိပ်များကို တင်ပေးထားတာ ဖြစ်ပါတယ်။ အသက် (၈၇) ခုနှစ်မှာ မိသားစုနှင့် ချစ်ရတဲ့ သူများအားလုံးကို အပြီးတိုင် စွန့်ခွာသွားခဲ့တာဖြစ်ပါတယ်။ ဘဘဦးစိန်ရိုးတစ်ယောက် ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် ကောင်းရာမွန်ရာ ဘုံဘဝသို့ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Source and Photo Crd- U Kaung Kyaw’s Facebook Account 

Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 
Photo Crd- U Kaung Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T