အခြေအနေအရ အမြန်လူစုခွဲခဲ့ရသော်လည်း ဘေးကင်းစွာဆန္ဒဖော်ထုတ်နိုင်ခဲ့ကြတဲ့ မန္တလေးအင်ဂျင်နီယာ သပိတ်စစ်ကြောင်း

//s9.kh1.co/c4/c4f37a6608254ddc50e1479cb2829782aa3796fd.png
နေ့စဉ်သတင်းများ

 ၁၇-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

နေရာအရပ်ရပ်မှာ ပုံစံမျိုးစုံနဲ့ပေါ်ပေါက်လာခဲ့တဲ့ သပိတ်စစ်ကြောင်းတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးအားကောင်းလာခဲ့ပါတယ်။ အန္တရာယ်ရှိတဲ့အနေအထားတွေ ရှိတာကြောင့် အရင်လို လူအများကြီးနဲ့ ဆန္ဒထုတ်ဖော်တာတွေမလုပ်တော့ပေမယ့် သပိတ်စစ်ကြောင်းတွေ ကတော့ နေ့တိုင်းထွက်နေဆဲပါပဲ။ ဒီတော်လှန်ရေးကြီးမအောင်မချင်း သပိတ်စစ်ကြောင်းတွေ လည်း ရှိနေဦးမှာပါ။ ပြည်သူအများနဲ့ ကျောင်းသားတွေဟာ ဘယ်တော့မှသွေးအေးမသွားဘဲ ပေးဆပ်ခဲ့ရတဲ့အသက်တွေနဲ့ ချုပ်နှောင်ခံထားရတဲ့ အပြစ်မဲ့သူတွေအတွက် ရတဲ့ဖက်က ဆန္ဒထုတ်ဖော်ပေးနေကြပါတယ်။

Photo Credit - မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group

ဒီနေ့မှာလည်း မန္တလေးက အင်ဂျင်နီယာသပိတ်စစ်ကြောင်းဟာ နံနက်အစောပိုင်းမှာ ချီတက်ခဲ့ကြပါတယ်။ အခြေအနေတွေကြောင့် လူစုခွဲလိုက်ကြပြီး ပါဝင်ဆန္ဒထုတ်ဖော်သူအားလုံး ဘေးကင်းကြတယ်လို့ ဆိုပါတယ်။ တက်ကြွတဲ့လူငယ်တွေရဲ့ သပိတ်စစ်ကြောင်း ပုံရိပ်တွေကို " ၁၇.၅.၂၀၂၁ အမှန်တရား နှင့် ပြည်သူအတွက် ဘယ်လိုအခက်အခဲကြုံကြုံ အမြဲတမ်းရှိနေမည့် မန္တလေးအင်ဂျင်နီယာများအဖွဲ့၏ ယနေ့နံနက်ခင်းပိုင်း ဆန္ဒဖော်ထုတ်မှု မြင်ကွင်းများ အခြေအနေအရ မြန်မြန်လူစုခွဲခဲ့ရပြီး ပူးပေါင်းပါဝင်သူ အားလုံးကို ကျေးဇူးတင်လေးစားပါသည်။ " ဆိုပြီး မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group က ဝေမျှခဲ့ပါတယ်။

Photo Credit - မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group
Photo Credit - မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group
Photo Credit - မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group
Photo Credit - မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group

စိတ်ပူနေကြသူတွေကိုလည်း " စိတ်ပူနေကြတဲ့သူများခင်ဗျာ အားလုံးဘေးကင်းတယ်လို့ ကြားသိရပါတယ်ဗျာ " ဆိုပြီး ပြန်လည်ပြောပြခဲ့ပါသေးတယ်။ ဘေးကင်းကြဖို့က နံပါတ်တစ်ဦးစားပေးဖြစ်တာကြောင့် အခုလိုပါဝင်သူအားလုံး အန္တရာယ်ကင်းကြောင်းသိရလို့ အားလုံးကလည်းစိတ်အေးခဲ့ကြပါတယ်။ တက်တက်ကြွကြွ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ လူငယ်တွေဟာ အာဏာရှင်ကိုတွန်းလှန်ဖို့အတွက် သွေးတွေရဲနေခဲ့တယ်ဆိုတာ ပုံရိပ်တွေက သက်သေပါပဲ။

Photo Credit - မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group
Photo Credit - မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group
Photo Credit - မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group
Photo Credit - မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group
Photo Credit - မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group
Photo Credit - မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group

သတင်း အရင်းအမြစ်မန္တလေး အင်ဂျင်နီယာများအဖွဲ့ / Mandalay Engineers Group

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T