ပွဲပြီးလို့ မြန်မာပြည်မပြန်နိုင်တဲ့ အလှမယ် သူဇာဝင့်လွင်အတွက် လိုအပ်တာမှန်သမျှ ကူညီပေးသွားမယ့် ဥက္ကာမင်းမောင်

//s9.kh1.co/d8/d8af6f3eb1ccf85120e350454bcab0121ec59fef.jpeg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

အလှမယ်သူဇာဝင့်လွင်ကတော့ Miss Universe National Costume ပြိုင်ပွဲကြီးမှာ ချင်းရိုးရာ ဝတ်စုံနဲ့ Best in National Costume ဆုကြီးကို ဆွတ်ခူးကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် မြန်မာပြည်သူတွေ အားလုံးက ဂုဏ်ယူဝမ်းသာနေကြတာပါ..။

69th Miss Universe ပြိုင်ပွဲကြီးမှာ အခက်အခဲတွေကြားက အကောင်းဆုံးယှဉ်ပြိုင်ကြိုးစားခဲ့တဲ့ မြန်မာအလှမယ် သူဇာဝင့်လွင်ဟာ Top 21 Finalists စရင်းဝင်သွားခဲ့တာဖြစ်ပြီး ပထမဦးဆုံး The first Placement ရတဲ့ မြန်မာအလှမယ် အဖြစ် မော်ကွန်းရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်..။

Photo Ctedit - Okkar Min Maung's Fb Acc
Photo Ctedit - Okkar Min Maung's Fb Acc
Photo Ctedit - Okkar Min Maung's Fb Acc
Photo Ctedit - Okkar Min Maung's Fb Acc

ပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ ကာလအတွင်းမှာလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို နိုင်ငံတကာက အာရုံစိုက်မှုရှိလာအောင် တတ်နိုင်သလောက် ကြိုးစားပေးခဲ့တဲ့အတွက် သူမရဲ့အိမ်ပြန်ခရီး မသေချာတော့တာလည်း ဖြစ်ပါတယ်..။

ဥက္ကာမင်းမောင်ကတော့ Miss Universe ပြိုင်ပွဲကြီးကို ကိုယ်တိုင်သွားရောက်အားပေးခဲ့ပြီး  အခက်အခဲတွေကြားက နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အလှမယ်သူဇာဝင့်လွင်အနေနဲ့ ပွဲပြီးလို့ မြန်မာပြည်မပြန်နိုင်ခဲ့ရင် လိုအပ်တာမှန်သမျှ ကူညီပေးသွားမယ့်အကြောင်းတွေကို ပြောပြလာပါတယ်..။

Photo Ctedit - Okkar Min Maung's Fb Acc
Photo Ctedit - Okkar Min Maung's Fb Acc
Photo Ctedit - Okkar Min Maung's Fb Acc
Photo Ctedit - Okkar Min Maung's Fb Acc

"ပွဲပြီးရင်လဲ မြန်မာပြည်ပြန်ဖို့ အခက်အခဲရှိရင် လိုအပ်တာ မှန်သမျှ အတတ်နိုင်ဆုံး ကူညီပေးပါမယ်.. Candy May Candy Thuzar.." ဆိုပြီး ဥက္ကာမင်းမောင်က ရေးသားပြောပြထားတာပါ..။

အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ အလှမယ်သူဇာဝင့်လွင်အတွက် ဂုဏ်ယူအားပေးကြသလို တစ်ဖက်တစ်လမ်းကနေ ကူညီပေးတတ်တဲ့ ဥက္ကာမင်းမောင်ရဲ့ စိတ်ထားကိုလည်း လေးစားချီးကျူးနေကြတာ တွေ့ရပါတယ်..။

Photo Ctedit - Okkar Min Maung's Fb Acc
Photo Ctedit - Okkar Min Maung's Fb Acc

သတင်း အရင်းအမြစ်Okkar Min Maung's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T