တစ်ကိုယ်လုံးခြင်ကိုက်ဖုတွေနဲ့ ပုံမှန်မဟုတ်တဲ့ စွန့်ပစ်ခံ (၄)လသား အရွယ် ကလေးငယ်လေးကို ခေါ်ယူမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/c2/c2d30534a4c4ec462bce80f715d4fc8c6f19bbe5.jpeg
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေနဲ့လည်း အများရဲ့ လေးစားချစ်ခင်မှုတွေကို ရရှိထားသူပါ..။

ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးငယ်လေးတွေအတွက် ခိုကိုးရာအဖြစ် သူမရဲ့နာမည်နဲ့ မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားသလို အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း မကြာခဏမြင်တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

ခိုင်နှင်းဝေကတော့ ဒီကနေ့ မေလ(၁၇)ရက်နေ့မှာလည်း တစ်ကိုယ်လုံးခြင်ကိုက်ဖုတွေနဲ့ ပုံမှန်မဟုတ်တဲ့ စွန့်ပစ်ခံ (၄)လသား အရွယ် ကလေးငယ်လေးကို ခေါ်ယူမွေးစားလိုက်ပြန်တယ်လို့ သိပါတယ်..။

ကလေးငယ်လေးဟာ တစ်ကိုယ်လုံးခြင်ကိုင်ဖုတွေနဲ့ အာဟာရပြတ်လပ်နေကာ ဗိုက်တွေပူနေပြီး ပုံမှန်အခြေအနေမျိုးမဟုတ်တဲ့အတွက် ဆေးကုသစစ်ဆေးမှုတွေလည်း ပြုလုပ်ပေးခဲ့တာတွေကို ခိုင်နှင်းဝေက ပြောပြထားပါသေးတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
https://s9.kh1.co/__image/w=650,h=650,q=100/be/be969d9cdb03ecb3af078fc731c0229e56c74e22.jpeg
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

"အသက် တစ်ချောင်း ကယ်ဖြစ်ခဲ့ပါတယ်ရှင်.. သနားစရာ စွန့်ပစ်ခံ (၄)လသား အရွယ် သားလေး ကို သွားရောက်ခေါ်ယူ မွေးစားဖြစ်ပါတယ်.. ကလေးက တကိုယ်လုံး ခြင်ကိုက်ဖုတွေ နှင့် အာဟာရ ပြတ်လပ်ကာ ဗိုက်တွေပူပြီး ပုံမှန် အခြေအနေ မျိုး မဟုတ်တာလဲ တွေ့ရတဲ့အတွက် "ပါရမီ" အထူးကု ဆေးရုံသို့ တန်းပြကာ လိုအပ်တာများ ပြုလုပ်ခဲ့ပါတယ်.. ကျွန်မတို့ "ခိုင်" မိသားစု ရဲ့ အယောက် (၅၀) မြောက် သားလေး သက်ရှည်ကျန်းမာပါစေ...ကံကောင်းပါစေရှင်.. "ခိုင်" မိသားစု မှ ကလေးတွေ အားလုံးကို မေတ္တာဖြင့် စမ်းသပ်ခ မယူပဲ အမြဲ ကြည့်ရှု့စောင့်ရှောက်ပေးပါသော ကလေး  အထူးကု ပါရဂူ ဒေါက်တာ ဒေါ်ခင်ခင်ထား ဆရာဝန်မကြီးကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်ရှင်..❤️." ဆိုပြီး ခိုင်နှင်းဝေက ပြောပြထားတာပါ..။

မိဘမဲ့ကလေးငယ်လေးတွေအတွက် ခိုကိုးရာအဖြစ် ရပ်တည်နေတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားစေတနာကောင်းတွေကိုလည်း ပရိသတ်တွေက လေးစားချီးကျူးကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

သတင်း အရင်းအမြစ်Khine Hnin Wai's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T