အနုပညာသမား အစစ်ဆိုတာ ငွေဘယ်လောက်ပေးပေး စိတ်မပါရင် မလုပ်ဘူး ဆိုတဲ့အကြောင်းပြောလာတဲ့ ကောင်းကျော်

//s9.kh1.co/50/50e234a16f82bc388e14e5fb4d6efd74560d9c46.jpg
အနုပညာရှင်များ

 ၁၈-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကောင်းကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်၊ ဟာသ လူရွှင်တော် ပြည်သူချစ်အနုပညာရှင်တွေ ထဲက ဝါရင့်အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။  နိုင်ငံတော် အာဏာကိုသိမ်းတဲ့ နေ့ကနေ စပြီး အမှန်တရားဘက်ကနေ ဒီမိုကရေစီ အတွက် ပြည်သူတွေ၊ ပရိသတ်တွေ နဲ့ အတူ တိုက်ပွဲဝင်ခဲ့တဲ့ အနုပညာတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီလို အမှန်တရား ဘက်ကနေ ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေက အချစ်ပိုနေ​ကြ တာဆိုရင်လည်း မမှားပါဘူး။

Photo Crd - U Kaung Kyaw' FB account
Photo Crd - U Kaung Kyaw' FB account
Photo Crd - U Kaung Kyaw' FB account
Photo Crd - U Kaung Kyaw' FB account

လက်ရှိအခြေအနေမှာတော့ ပြည်သူတွေဟာ ဒုက္ခ အမျိုးမျိုးနဲ့ စိတ်သောက ရောက်နေရပြီး အားလုံးဟာ တတ်နိုင်တဲ့ ဘက်ကနေ ကူညီမှုတွေပေးနေတာပဲဖြစ်ပါတယ်။လတ်တလောမှာလည်း ကောင်းကျော်ဟာ လူရွှင်တော်အသင်း(ရန်ကုန်)၏နာယက ဟာသလူရွှင်တော်ကြီး ဦးစိန်ရိုးကွယ်လွန်တာနဲ့ ပတ်သတ်ပြီး ဝမ်းနည်းကြေကွဲနေရတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ကောင်းကျော်ဟာ အနုပညာသမား အစစ်နဲ့ အနုပညာ အလုပ်လုပ်စား သူတွေရဲ့ ကွဲပြားခြားနား ချက်ကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

Photo Crd - U Kaung Kyaw' FB account
Photo Crd - U Kaung Kyaw' FB account
Photo Crd - U Kaung Kyaw' FB account
Photo Crd - U Kaung Kyaw' FB account

"အနုပညာကို တကယ်ချစ်တဲ့

အနုပညာသမား အစစ် ဆိုတာ ???

အနုပညာသမားအစစ်ဆိုတာ

ငွေမရပေမဲ့ စိတ်ပါရင် ကိုယ့်စားရိတ်

ကိုစားပြီး အလကား ဖျော်ဖြေပေးတတ်

ကြသလို

အနုပညာသမားအစစ်ဆိုတာ

စိတ်မပါရင်လဲ ငွေတွေ ဘယ်လောက်ပုံပေးပေး လုပ်ချင်မှလုပ်တတ်ကြတယ်။

အနုပညာလုပ်စားသူများကျတော့

အခွင့်ရေးတစ်ခုအတွက် လုပ်ချင်လာရင်လဲ

ကိုယ်တွေက အနုပညာသမားမို့ ဘယ်သူနဲ့

ဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ရမှာဘဲလေ

လို့ ဆင်ခြေပေါင်း တစ်သိန်း ပေးတတ်ကြလေ

တော့ သတည်း။

(အဖေ့ဆုံးမစကားလေး သတိရမိလို့ပါ) ......" ဆိုပြီး အဖေဖြစ်သူက ဆုံးမသွန်သင်ပေးခဲ့တဲ့ အကြောင်းလေးတွေ ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်........။

Photo Crd - U Kaung Kyaw' FB account
Photo Crd - U Kaung Kyaw' FB account
Photo Crd - U Kaung Kyaw' FB account
Photo Crd - U Kaung Kyaw' FB account

သတင်း အရင်းအမြစ်U Kaung Kyaw' FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T