ရန်ကုန်ပြန်လာတဲ့ လမ်းမှာ ကားစစ်ခံရပြီး ဓားသုံးချောင်းမိသွားတဲ့ သူ့ရဲ့အဖြစ်ကို ပြန်လည်ပြောပြလာတဲ့ ထူးအယ်လင်း

//s9.kh1.co/d8/d817255057fa1164b87f88379b65fff3ccae4bdd.jpeg
အနုပညာရှင်များ

 ၀၂-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ထူးအယ်လင်းတစ်ယောက် လက်ရှိမှာ ပရဟိတအလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင် ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။ လတ်တလော အခြေအနေများကြောင့် စားဝတ်နေရေး ခက်ခဲနေကြသော ပြည်သူများကိုကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်းကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာများ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Crd-Htoo El Lynn’s Facebook Account 

မနေ့ညက ထူးအယ်လင်းရဲ့ လူမှုကွန်ယက်တွင် ရန်ကုန်ပြန်လာတဲ့ လမ်းမှာ ကားစစ်ခံရပြီး ဓားသုံးချောင်းမိသွားတဲ့သူ့ရဲ့အဖြစ်ကို ပြန်လည်ပြောပြလာတာ ဖြစ်ပါတယ်။ သူကတော့ ခေါင်လန်ဖူးဒေသတွင် သွားကူညီတုန်းက တောရှင်းဖို့အတွက် ဓားအရှည်သုံးချောင်းကို ပူတာအိုဈေးကနေ  ဝယ်ထားတာ ဖြစ်ပြီး အကြောင်းကြောင်းကြောင့် ကားထဲကနေ မထုတ်ထားမိတာ ဖြစ်ပါတယ်။ မိသွားတဲ့အချိန်တွင် အကျိုးအကြောင်း ရှင်းပြလိုက်တာကြောင့်  ကံကောင်းထောက်မစွာ ပြန်လွှတ်ပေးခဲ့တာကိုလည်း အခုလို ပြောပြထားတာ ဖြစ်ပါတယ်။

Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 

" ခေါင်လန်ဖူးဒေသ သွားကူညီတုန်းက တောရှင်းဖို့ ဓားရှည်သုံးချောင်းကို ပူတာအိုဈေးကဝယ်ထားပြီး အလှူကိစ္စပြီးတော့ ရန်ကုန်အပြန် ဓားသုံးချောင်းကိုမေ့ပြီး ကားထဲထည့်ထားပြီး မထုတ်မိတာ ဂိတ်ကစစ်တော့ ၁၉/င နဲ့ ငြိတော့မလို့ ကံကောင်းထောက်မစွာနဲ့ပဲ အကြောင်းအကျိုးရှင်းပြ ပြောပြလိုက်တာ  ပြန်လွှတ်လိုက်ပေးတယ်ကျေးဇူးပါဗျာ။  စစ်ခံထိတာ ထောက်ကြန့် အမှတ် ၃ လမ်းဆုံဂိတ် ?အိမ်း လှသိန်းတို့  သတိထား  ကြပ်ကြပ်မေ့ကြပ်ကြပ်မေ့ ...အကုန် ရပ်ကုန်မယ်???" ဆိုပြီး ​သူကံကောင်းခဲ့ပုံကို ရေးသားထားတာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် နေရာမျိုးစုံတွင် စစ်ဆေးရေးတွေ များစွာ ရှိနေတာ ဖြစ်ပါတယ်။အကြောင်းတစ်ခုခုကြောင့် ခရီးထွက်ရမယ်ဆိုပါက အန္တရာယ်ဖြစ်စေမယ့် အရာမျိုးကို အိမ်တွင်သေချာစစ်ဆေးပြီးမှသာ စထွက်သင့်ကြောင်း သတိပေးလိုက်ပါရစေ။

Source and Photo Crd-Htoo El Lynn’s Facebook Account 

Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T