သူတတ်မြောက်တဲ့ ဆေးပညာနဲ့ ကုသပေးရာမှ အသက်ဘေးမှ လွတ်မြောက်ခဲ့ရတဲ့ လူနာတစ်ဦးအကြောင်း ပြောပြလာတဲ့ ထူးခန့်ကျော်

//s9.kh1.co/f5/f59716f927eeb4c812c582ca943551fd993bc383.jpeg
အနုပညာရှင်များ

 ၀၂-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ ထူးခန့်ကျော်ကတော့ အက်ရှင် ဇာတ်ရုပ်တွေကို ပိုင်နိုင်သလို ပီပြင် ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင် စွမ်းရည်တွေနဲ့ ပရိသတ်တွေကို ရသမျိုးစုံ ပေးစွမ်းနိုင်သူပဲ ဖြစ်ပါတယ် ။ ဒါ့အပြင်  သူတတ်ကျွမ်းတဲ့ ဆေးပညာရပ်လေးနဲ့ တစ်ဖက်တစ်လမ်းကနေ လေဖြတ်လူနာတွေအား တိုင်းရင်းဆေးဖြင့် နှိပ်နယ်ကာ ကုသပေးနေသူလည်း တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit : Htoo Khant Kyaw Facebook Account
Photo Credit : Htoo Khant Kyaw Facebook Account
Photo Credit : Htoo Khant Kyaw Facebook Account
Photo Credit : Htoo Khant Kyaw Facebook Account

အရေးကြုံလာတိုင်းလည်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ကာ လူထုလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် သူရှာဖွေ စုဆောင်းထားတဲ့ လုပ်အားငွေတွေနဲ့လည်း  ကျဆုံးသွားတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီကို သွားရောက်ကာ အလှူငွေများ ချီးမြှင့်လှူဒါန်းရင်း အားပေး နှစ်သိမ့်ခြင်းတွေလည်း ပြုလုပ်ပေးခဲ့ပါတယ် ။

Photo Credit : Htoo Khant Kyaw Facebook Account
Photo Credit : Htoo Khant Kyaw Facebook Account
Photo Credit : Htoo Khant Kyaw Facebook Account
Photo Credit : Htoo Khant Kyaw Facebook Account

အခုလည်း ရောဂါအတော်လေး ကျွမ်းနေတဲ့ လူနာတစ်ဦးကို သူတတ်မြောက်တဲ့ ဆေးပညာနဲ့ ကုသပေးရင်း အသက်ဘေးကနေ လွတ်မြောက်လာလို့ ဝမ်းသာကြည်နူး ဖြစ်နေမိကြောင်းလေးကို ရေးသားဖော်ပြလာပါတယ်။ " သေတွင်းမှရုံးထွက်လာသောမသီတာ  ရောဂါကကျွမ်းနေပြီမရတော့ဘူးဟု လက်လျှော့လိုက်ကြသောသူများစီမှကျွန်တော်ထံရောက်ရှိလာပြီး သမီးအေးမြသီတာမှအကြောင်းပြု၍ ရန်ကင်းမြို့နယ် ၁၂ရပ်ကွက် ကာယသုခလမ်း အမှတ်၂၃၈နေဝေဒနာရှင်မသီတာနှင့်သားဖြစ်သူမောင်နေမျိုးထွေးတို့လာရောက်ကုသခဲ့သည် အကြောင်းစုံမေးကြည့်တော့လေဖြတ်ပြီးအာရုံကြောများအလုပ်မလုပ်သလို သတိရတချက်မရတချက်ဖြင့် ခြေလက်များလှုပ်ရှား၍မရသလို ပလက်ကြီးမှတပါးဘားမှလှုပ်၍ပင်မရနိုင်တော့ဘူး ပွေ့ပြီးမလာရသောအဖြစ်မျိုးပါ မျက်လုံး ပါးစပ်များပါလှုပ်၍မရခဲ့ပေ ပထမတော့ကျွန်တော်လဲအရမ်းစိုးရိမ်မိပြီးငါ့လက်ထဲသေသွားရင်တော့ ငါတော့ဒုက္ခပဲဆိုပြီးစိုးရိမ်မိတယ် သို့သော်လည်းဖြစ်ချင်ရာဖြစ်ငါရအောင်ကုသပေးမယ်ဆိုပြီး ရတနာသုံးပါး ဝိဇ္ဇာတစ်သိန်းကျော်အပေါင်းသူတော်ကောင်းတို့၏အနန္တမေတ္တာတော်များဖြင့် ကုသပေးခဲ့ရာ၆ကြိမ်မြောက်လောက်မှာမသီတာထထိုင်လိုရသလို လမ်းပါထလျှေက်ပြီး စကားများပင်ပြောလာခဲ့သည်ကိုအံ့သြစွာတွေ့ခဲ့ရသလို ပီတိများဖြစ်ကာအလွန်ကြည်နူးဝမ်းသာခဲ့ရလေသည် ဒီဘဝခဏတာလူဖြစ်ခွင့်ရသောအခိုက်တန့်လေးမှာ ၇ရက်သားသမီးများ၏ဝေဒနာများအားပါရမီဖြည့်အခမဲ့ကုသခွင့်ရခဲ့လို့လည်း ကျွန်တော်၏အဖေနှင့်အမေအားအထူးထူးပင်ကျေးဇူးတင်လှပါသည် ဤကောင်းမှု့များအားအဖေနှင့်အမေမြင့်မြတ်ရာဘုံဘဝသို့ရောက်ရှိခံစားပြီး ဝမ်းမြောက်စွာသာဓုခေါ်ဆိုနိုင်ပါစေ ယခုလိုလူဖြစ်ခွင့်ခဏတာရရှိလာသောအခိုက်တန့်လေးမှာတော့ ကျွန်တော်အတွက်မှတ်တိုင်တခုဆိုက်နိုင်ခဲ့ပြီလေ ဘာပဲလုပ်လုပ်ရတနာသုံးပါးအားဘယ်တော့မှမမေ့ကြဖို့နှင့် ကျွန်တော်ထံသို့ယုံကြည်စွာဖြင့်လာရောက်ကာ ကုသမှု့ခံယူသော၇ရက်သားသမီးများကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်နော် သားဖြစ်သူမောင်နေမျိုးထွေးph09975622444 09790161731သို့လည်းဆက်သွယ်မေးမြန်းလို့ရပါတယ်နော် အားလုံးကျန်းမာလို့ချမ်းသာကြပါစေ " ဆိုပြီး အကြောင်းစုံပြောပြထားရာ ပရိသတ်ကြီးအတွက် ဖော်ပြပေးရင်း ဒီထက်မက လူနာတွေကို အစွမ်းကုန် ကုသပေးနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Htoo Khant Kyaw Facebook Account
Photo Credit : Htoo Khant Kyaw Facebook Account
Source & Photo Credit : Htoo Khant Kyaw Facebook Account
Source & Photo Credit : Htoo Khant Kyaw Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T