ပြည်တွင်းနဲ့ ပြည်ပက မြန်မာလူမျိုးတွေကို အချင်းချင်း သွေးခွဲပေးနေကြတာနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောလာတဲ့ ရန်ရန်ချန်း

//s9.kh1.co/df/df719cbcde68d2a4ca801bc88154fbed8e4fffec.jpeg
အနုပညာရှင်များ

 ၀၂-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ရန်ရန်ချန်းကတော့ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လုထုလှုပ်ရှားမှုတွေကို တတ်နိုင်တဲ့ ဘက်ကနေ ရဲရင့်တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ တစ်ယောက် ဖြစ်ပါတယ် ။ ဒီလို တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့တာကြောင့်လည်း အဆိုတော် ရန်ရန်ချန်းကို ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆို ထားကြတာလည်း ဖြစ်ပါတယ်။  

Photo Credit : Yan Yan Chan Facebook Account
Photo Credit : Yan Yan Chan Facebook Account
Photo Credit : Yan Yan Chan Facebook Account
Photo Credit : Yan Yan Chan Facebook Account

ဒါကြောင့်လည်း ရန်ရန်ချန်း တစ်ယောက် အခုလို အခြေအနေတွေမှာ မိသားစုနဲ့ ခွဲခွာပြီ ဘေးကင်းလုံခြုံရာ နေရာမှာ  တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ ဒီလို ခြိမ်းခြောက်ခံရတာတွေ ရှိနေပေမယ့်လည်း ဒီနေ့အထိ ပြည်သူတွေနဲ့ အတူရှိနေကာ သတင်းအချက်အလက်တွေ ကိုတော့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားဝေမျှပေးနေဆဲဖြစ်တာကြောင့် လေးစားမိတာ အမှန်ပါပဲနော် ။

Photo Credit : Yan Yan Chan Facebook Account
Photo Credit : Yan Yan Chan Facebook Account
Photo Credit : Yan Yan Chan Facebook Account
Photo Credit : Yan Yan Chan Facebook Account

ဒီနေ့မှာလည်း ပြည်တွင်းမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေကို အချင်းချင်း သွေးကွဲအောင် ပြုလုပ်နေကြတာနဲ့ ပတ်သက်ပြီး ခုလို ပြတ်သားစွာ ရေးသားဖော်ပြလာပါတယ် ။ " ပြည်ပရောက်နိုင်ငံသားတွေနဲ့ပြည်တွင်းကနိုင်ငံသားတွေကို သွေးခွဲဖို့အတွက်က post လေးတစ်ခုလောက်ပဲလိုတယ်။ ဒီလောက်ကြီးစည်းလုံးလာကြပြီးမှဒီလောက်လွယ်လွယ်လေးသွေးကွဲစရာလား..... လုပ်စရာရှိတာစည်းစည်းလုံးလုံးဆက်လုပ်ကြမယ် ကူစရာရှိတာဆက်ကူကြမယ် " ဆိုပြီး ဘေးစကားတွေကြောင့် သွေးမကွဲကြဖို့နဲ့ စည်းစည်းလုံးလုံး ရှေ့ဆက်ကြမယ့်အကြောင်း လေးကို ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Source & Photo Credit : Yan Yan Chan Facebook Account
Source & Photo Credit : Yan Yan Chan Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T