ပြန်လာနိုင်ဖို့မလွယ်တဲ့အချိန်မှာ မိခင်ဖြစ်သူက ဆုံးပါးသွားလို့ အလူးအလဲခံစားနေရကြောင်း ဆိုနင့်စွာပြောပြလာတဲ့ ခွန်းဆင့်နေခြည်

//s9.kh1.co/62/62709569a8652723e5cfa483a775523e809bbf26.jpg
အနုပညာရှင်များ

 ၀၂-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ပြန်လာနိုင်ဖို့မလွယ်တဲ့အချိန်မှာ မိခင်ဖြစ်သူက ဆုံးပါးသွားလို့ အလူးအလဲခံစားနေရကြောင်း ဆိုနင့်စွာပြောပြလာတဲ့ ခွန်းဆင့်နေခြည်

မင်းသမီးခွန်းဆင့်နေခြည်ကတော့ မိခင်ဖြစ်သူကို လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာတစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာတော့ ခွန်းဆင့်နေခြည်တစ်ယောက်ဟာ New Yorkမှာ နေထိုင်လျက်ရှိနေပြီး မြန်မာပြည်မှာရှိတဲ့မိခင်ဖြစ်သူကို CCTVကနေနေ့စဥ်ကြည့်ရူကာစောင့်ရှောက်ပေးလျက်ရှိနေပါတယ်။မနေ့ညကတော့ သူမအတွက် အလွန်စိတ်မကောင်းဖွယ်ရာကိစ္စတစ်ခုဖြစ်ပွားခဲ့ပြီး သူမချစ်ခင်ရတဲ့ မိခင်ဖြစ်သူဟာ ဇွန်လ၁ရက်နေ့ ညနေ၅နာရီမှာ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit -Khunn Sint Nay Chi’s Facebook Page 
Photo Credit -Khunn Sint Nay Chi’s Facebook Page 
Photo Credit -Khunn Sint Nay Chi’s Facebook Page 
Photo Credit -Khunn Sint Nay Chi’s Facebook Page 

ခွန်းဆင့်နေခြည်ကတော့ အရမ်းချစ်ရတဲ့ မိခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်လေးမှာတောင် အနားမှာရှိခွင့်မရခဲ့လို့ ယူကျုံးမရဖြစ်နေပြီး မိခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကိုလည်း လိုက်ပါပို့ဆောင်ပေးခွင့်မရလို့ ဝမ်းနည်းမျက်ရည်ကျနေခဲ့ပါတယ်။အားပေးတဲ့ ပရိသတ်တွေကလည်း သူမနဲ့ထပ်တူ စိတ်မကောင်းဖြစ်ဝမ်းနည်းမိတဲ့အကြောင်း ရေးသားနေကြပါတယ်။ သူမကတော့  ပြန်လာနိုင်ဖို့မလွယ်တဲ့အချိန်မှာ မိခင်ဖြစ်သူက ဆုံးပါးသွားလို့ အလူးအလဲခံစားနေရကြောင်း ဆိုနင့်စွာပြောပြလာခဲ့ပါတယ်။

Photo Credit -Khunn Sint Nay Chi’s Facebook Page 
Photo Credit -Khunn Sint Nay Chi’s Facebook Page 
Photo Credit -Khunn Sint Nay Chi’s Facebook Page 
Photo Credit -Khunn Sint Nay Chi’s Facebook Page 

ခွန်းဆင့်နေခြည်ကတော့ " အမေကြောင့်လူဖြစ်ခဲ့တယ်အမေ့အတွက်အသက်ရှင်ခဲ့တယ်အမေ့အတွက်ဘဝတစ်ခုလုံးပေးဆပ်ခဲ့တယ် အမေ့ကြောင့်အလုပ်တွေကြိုးစားခဲ့တယ်အမေ့ကြောင့်အရာအားလုံးသီးခံခဲ့တယ် အမေ့အတွက်ငွေတွေရှာခဲ့တယ် အမေ့ကိုဟာကွက်မရှိဒေါင့်စေ့နိုင်လွန်းခဲ့တယ် အမေ့ကိုမကြည်ဖြူသူအားလုံးကိုဖယ်ရှားခဲ့တယ် သမီးပြန်လာမှဆံပင်ညှပ်မယ် သမီးပြန်လာမှမျက်စိခွဲမယ် သမီးဘယ်တော့ပြန်လာမှာလဲအမြဲမေးတယ် မနက်ကအကောင်းစကားတွေပြောလို့ရယ် ရန်ကုန်ညနေ US ကျွန်မအိပ်နေချိန်မှာ အမေ ကျွန်မကိုခွဲသွားတယ် တရားနဲ့ဖြေရမယ်ဆိုတာ သိပါတယ်အမေ ဒါပေမဲ့ သမီးခံစားရတာမှအလူးအလဲပါ ခုလိုချိန်ခါကြီးမှာသမီးပြန်လာရင်တောင်အမေ့ကိုမမှီနိုင် ပြန်လာဖို့ကလည်းမလွယ် သမီးရူးပြီအမေ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source -Khunn Sint Nay Chi’s Facebook Page 

Photo Credit -Khunn Sint Nay Chi’s Facebook Page 
Photo Credit -Khunn Sint Nay Chi’s Facebook Page 
Photo Credit -Khunn Sint Nay Chi’s Facebook Page 
Photo Credit -Khunn Sint Nay Chi’s Facebook Page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T