ပြိုလဲတော့မယ့် အိမ်လေးမှာ ဘဝကိုခက်ခဲစွာ ရုန်းကန်နေရတဲ့ မိသားစုလေးအတွက် နွေးထွေးလုံခြုံတဲ့ ​အိမ်အသစ်လေးတစ်လုံးကို ဖန်တီးပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/48/48ad50da371831fc6a2d8d0e9cf61c267ba40def.jpg
အနုပညာရှင်များ

 ၀၂-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာရှင်တွေထဲမှာ လေးစားချစ်ခင်ရတဲ့ ဝါရင့်မင်းသားကြီး ဝေဠုကျော်ဟာ တကယ့်ကိုမွန်မြတ်လှတဲ့ လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ပေးနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပရဟိတလုပ်ငန်းတွေကတော့ အခက်အခဲဖြစ်နေတဲ့ ဘယ်နေရာဒေသမဆို အလှူရှင်တွေရဲ့ ကိုယ်စား သွားရောက်လှူဒါန်းပေးတာ တွေ့ရပါတယ်။ ကိုဗစ်တိုက်ဖျက်ရေး ကာလတွေမှာလည်း ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ ရှေ့တန်းကနေလည်း နေ့မနားညမနား ပါဝင်လုပ်ကိုင်ပေးခဲ့တဲ့ သူပဲဖြစ်ပါတယ်။

Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page

ယခုမှာလည်း ဝေဠုကျော်က ပရိသတ်တွေကြည်နူးစေမယ့် အလှူလေးတစ်ခုပြုလုပ်ပေးခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။ ဒီအလှူလေးကတော့ ရန်ကင်း ဂျိုးဖြူပိုက်လုံးနားက ကျူးရပ်ကွက်ထဲမှာ နေထိုင်တဲ့ မကြည်ကြည်တိုးတို့ မိသားစုလေးအတွက် အလှူရှင်တွေရဲ့ကိုယ်စား နေစရာအိမ်အသစ်လေးတစ်လုံး ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ မကြည်ကြည်တိုးဟာ လင်ယောကျာ်းမရှိဘဲ ကလေး လေးယောက်နဲ့ အတူ မီးပူတိုက် ၊ အဝတ်လျှော်ဖွပ်ပြီး ခက်ခက်ခဲခဲ နဲ့ ဝမ်းရေးကြောင်းနေရတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။

Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page

ဒါ့အပြင် ဒီပုံလေးတွေထဲမှာလည်း ဝေဠုကျော်ဟာ နေစရာအခက်အခဲ ဖြစ်နေတဲ့ မိသားစုလေးရဲ့ နေအိမ်အသစ်လေးအတွက် ကိုယ်တိုင်ကိုယ်ကျသွားရောက် လုပ်ကိုင်ပေးတာလည်း တွေ့ရပါတယ်။ ဝေဠုကျော်ရဲ့ ကူညီမှုနဲ့အတူ အလှူရှင်များရဲ့ စေတနာသဒ္ဒါတရားများကြောင့် မိုးတွင်းကာလကနေစပြီး နွေးထွေး လုံခြုံတဲ့ အိမ်အသစ်လေးကို ဆောက်လုပ်လှူဒါန်းပေးတာဟာ တကယ့်ကိုမွန်မြတ်လှပါတယ်။ ပရိသတ်တွေလည်း ဝေဠုကျော်ရဲ့ အလှူပုံရိပ်လေးတွေကိုကြည့်ရင်း ကြည်နူးပီတိဖြစ်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Photo Credit - Wai Lu Kyaw foundation fb page
Photo Credit - Wai Lu Kyaw foundation fb page

သတင်း အရင်းအမြစ်Source - Wai Lu Kyaw foundation fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T