အမှန်တကယ်လိုအပ်နေတဲ့ အထောက်အကူပြုပစ္စည်းတွေဝယ်ယူဖို့အတွက် ငွေလှူဒါန်းပေးကြဖို့ တောင်းဆိုလိုက်တဲ့ ထားထက်ထက်ရဲ့ဗီဒီယို

//s9.kh1.co/69/693d2127e3d858bb89cc03cacde16892acdf56f6.jpg
အနုပညာရှင်များ

 ၀၂-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

အမှန်တကယ်လိုအပ်နေတဲ့ အထောက်အကူပြုပစ္စည်းတွေဝယ်ယူဖို့အတွက် ငွေလှူဒါန်းပေးကြဖို့ တောင်းဆိုလိုက်တဲ့ ထားထက်ထက်ရဲ့ဗီဒီယို

မော်ဒယ်လ်ထားထက်ထက်ကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာလည်းတတ်တတ်ကြွကြွနဲ့ပါဝင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ထားထက်ထက်ကတော့ တော်လှန်ရေးနယ်မြေဆီ သွားရောက်ပြီး စစ်သင်တန်းတတ်ရောက်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ခက်ခဲပင်ပန်းမှုတွေရှိပေမယ့်လည်းလုံးဝအားမလျော့ဘဲ စစ်သင်တန်းတတ်ရောက်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: Htar Htet Htet ' s Facebook Page 
Photo Credit: Htar Htet Htet ' s Facebook Page 
Photo Credit: Htar Htet Htet ' s Facebook Page 
Photo Credit: Htar Htet Htet ' s Facebook Page 

မိန်းကလေးဖြစ်ပေမယ့် ဇွဲသတ္တိအပြည့်နဲ့ စစ်သင်တန်းတတ်ရောက်နေတဲ့ သူမကတော့ ပြည်သူတွေများစွာရဲ့ လေးစားချီးကျူးခြင်းကို ခံနေရတဲ့ မော်ဒယ်လ်တစ်ယောက်ပဲဖြစ်ပါတယ် ။ထားထက်ထက်ကတော့ ယခုမှာ သူမတို့ရဲဘော်တွေအတွက် အထောက်အကူပြုပစ္စည်းတွေဝယ်ယူဖို့ ငွေတိုက်ရိုက်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။ သူမကတော့ တိုက်ပွဲတွေအင်မတန်နီးကပ်လာတဲ့ အချိန်မှာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ဘာပစ္စည်းမှ မရှိသေးတဲ့ရဲဘော်တွေအတွက် အလှူခံရခြင်းဖြစ်တဲ့အကြောင်း ​ရှင်းပြထားခဲ့ပါတယ်။

Photo Credit: Htar Htet Htet ' s Facebook Page 
Photo Credit: Htar Htet Htet ' s Facebook Page 
Photo Credit: Htar Htet Htet ' s Facebook Page 
Photo Credit: Htar Htet Htet ' s Facebook Page 

ထားထက်ထက်ကတော့ သူမတို့တော်လှန်ရေးသမားတွေအနေနဲ့ အမိုးအကာတွေမရှိဘဲနေနိုင်သလို အစားအသောက်ဆင်းရဲတာကိုလည်း ကျော်ဖြတ်နိုင်ပြီး စိတ်ဓာတ်တက်ကြွစေမယ့် အထောက်အကူပစ္စည်းတွေပါဝင်တဲ့အခါ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာစေမှာဖြစ်တဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။ အထောက်အကူပြုပစ္စည်းတွေဝယ်ယူရန်အတွက် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ မော်ဒယ်လ်ထားထက်ထက်ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။

Source :Htar Htet Htet ' s Facebook Page 

https://s9.kh1.co/__image/w=650,h=650,q=100/fe/fe7267e7148e01a5ab64fd291e2fee5cf6f3ba6d.jpg

(ဗီဒီယိုကြည့်ရန်အတွက် အောက်ပါလင့်ကို Copy လုပ်ပြီးလျှင် Facebook ကိုနှိပ်၍ ဖွင့်ပါ)

https://www.facebook.com/100044506506571/videos/2293292350803646/

Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T