နေအိမ်ထဲသို့ တစ်ခါမှမမြင်ဖူးသော မြွေစိမ်းတစ်ကောင် ဝင်လာတာကြောင့် အတော်လေးကို စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့ ပိုးအိအိခန့်

//s9.kh1.co/c4/c4e60fba0e955a84e4519ccd1d5acf78b58447f0.jpeg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင် ပါဝင်ရိုက်ကူးရင်း  ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် ပိုးအိအိခန့်ပဲ ဖြစ်ပါတယ်။ သူမကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း  အနုပညာလှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်တော့ဘဲ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ခင်ပွန်းဖြစ်သူက ထိုင်းနိုင်ငံရဲ့ ကလပ်အသင်းတစ်သင်းတွင် အဌားစာချုပ်ဖြင့် ရောက်ရှိနေတာ ဖြစ်တဲ့အတွက်  တစ်မိသားစုလုံး ထိုင်းနိုင်ငံသို့  ပြောင်းရွှေ့နေထိုင်နေကြတာ ဖြစ်ပါတယ်။ 

Photo Crd-Poe Ei Ei Khant’s Facebook Account 

မနေ့ညက ပိုးအိအိခန့်ရဲ့ လူမှုကွန်ယက်တွင် သူမရဲ့ နေအိမ်ထဲသို့ တစ်ခါမှ မမြင်ဖူးသော မြွေတစ်ကောင် ဝင်လာတာကြောင့် ထိုမြွေအမျိုးအစားကို သိချင်တဲ့ အတွက် ပရိသတ်တွေကို မေးမြန်းထားတာ ဖြစ်ပါတယ်။ သူမကလည်း " အနီးကပ်မရိုက်ရဲလို့မရိုက်ထားရဘူး။ ခဏနေပြန်ဖျက်မှာပါ ဒါဘာမြွေလဲ သိချင်လို့ပါအန္တရာယ်များတဲ့မြွေလားရှင် ဒီနေ့ အိမ်ထဲမြွေဝင်လို့ပါ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အားလုံးကလည်း ဒီမြွေအကြောင်းနဲ့ ပတ်သက်ပြီး သူတို့သိသလောက် ပိုးအိအိခန့်မေးထားတဲ့ ပို့စ်အောက်မှာ comment ရေးထားကြတာ ဖြစ်ပါတယ်။

Photo Crd-Poe Ei Ei Khant’s Facebook Account 
Photo Crd-Poe Ei Ei Khant’s Facebook Account 
Photo Crd-Poe Ei Ei Khant’s Facebook Account 
Photo Crd-Poe Ei Ei Khant’s Facebook Account 
Photo Crd-Poe Ei Ei Khant’s Facebook Account 
Photo Crd-Poe Ei Ei Khant’s Facebook Account 

ပရိသတ်တစ်ချို့ရဲ့ ရေးသားပြောပြချက်အရ  ထန်းမြွေအမျိုးအစားဖြစ်ပြီး သူတို့မှာ အဆိပ် မရှိဘဲ လူကိုလည်းအန္တရာယ်မပြုနိုင်ကြောင်း ပြောပြထားကြတာ ဖြစ်ပါတယ်။ သူမရဲ့ သားလေးဟာ အိမ်ရှေ့မှာ အမြဲဆော့နေကြဖြစ်တဲ့အတွက် အခုလို ရုတ်တရတ်မြွေဝင်လာကြောင့်  ထိတ်လန့်သွားခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ရှေးအယူအဆများအရ မိမိတို့ရဲ့ နေအိမ်များသို့  မြွေဝင်တယ်ဆိုပါက လာဘ်ကောင်းပြီး ငွေများလည်း မကြာခင်မှာဝင်လာတတ်တယ်လို့ လေ့လာမှတ်သားမိပါတယ်။ 

Source and Photo Crd-Poe Ei Ei Khant’s Facebook Account 

Photo Crd-Poe Ei Ei Khant’s Facebook Account 
Photo Crd-Poe Ei Ei Khant’s Facebook Account 
Photo Crd-Poe Ei Ei Khant’s Facebook Account 
Photo Crd-Poe Ei Ei Khant’s Facebook Account 
Photo Crd-Poe Ei Ei Khant’s Facebook Account 
Photo Crd-Poe Ei Ei Khant’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T