ပြည်သူတွေကိုကာကွယ်ပေးဖို့ စစ်သင်တန်းတတ်ရောက်နေတာကြောင့် ကိုးရီးယားသတင်းတွေမှာ ဖော်ပြခြင်းခံနေရတဲ့ ဟား၅ကောင်လူရွှင်တော်အဖွဲ့

//s9.kh1.co/f9/f95f70eafc22f4d98e78b03ddb33f23851d6a347.jpg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေကိုကာကွယ်ပေးဖို့ စစ်သင်တန်းတတ်ရောက်နေတာကြောင့် ကိုးရီးယားသတင်းတွေမှာ ဖော်ပြခြင်းခံနေရတဲ့ ဟား၅ကောင်လူရွှင်တော်အဖွဲ့

ဟား၅ကောင်လူရွှင်တော်အဖွဲ့မှာတော့ တိုင်းကျော်၊ ပြည်ကျော်၊ တိုးကျော်၊ ဝိုင်းကျော်၊ပိုးလေးတို့ပါဝင်ကြတာဖြစ်ပြီး သူတို့အဖွဲ့ကတော့ ပရိသတ်တွေအမြဲပျော်ရွှင်အောင် ဟာသပျက်လုံးတွေများစွာနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ကြတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း တတ်တတ်ကြွကြွပါဝင်ခဲ့တဲ့ ဟား၅ကောင်လူရွှင်တော်အဖွဲ့ကတော့ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်လျက်ရှိနေတဲ့ လူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။

Photo Credit: Taing Kyaw ' s Facebook Acc 
Photo Credit: Taing Kyaw ' s Facebook Acc 
Photo Credit: Taing Kyaw ' s Facebook Acc 
Photo Credit: Taing Kyaw ' s Facebook Acc 

ဟား၅ကောင်လူရွှင်တော်အဖွဲ့ကတော့ ယခုမှာတော်လှန်ရေးနယ်မြေဆီသွားရောက်ပြီး မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်၊စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် စစ်သင်တန်းတတ်ရောက်နေကြပါတယ်။အငြိမ့်ကရာမှာလည်း တက်ညီလက်ညီရှိကြတဲ့ သူတို့အဖွဲ့ကတော့ အခုလိုအချိန်မှာလည်း စည်းစည်းလုံးလုံးနဲ့ PDFအဖွဲ့ထဲကို အတူတကွဝင်ရောက်ခဲ့တာဖြစ်ပါတယ်။  အစားအသောက်ဆင်းရဲမှု၊ပင်ပန်းမှုကို အံတုပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့(PDF)ထဲဝင်သွားတဲ့ ဟား၅ကောင်လူရွှင်တော်အဖွဲ့ကတော့ အများပြည်သူတွေရဲ့ လေးစားခြင်းကိုခံနေရတာဖြစ်ပါတယ်။ 

Photo Credit: Taing Kyaw ' s Facebook Acc 
Photo Credit: Taing Kyaw ' s Facebook Acc 
Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload

ယခုမှာတော့ ဟား၅ကောင်လူရွှင်တော်အဖွဲ့ဟာ ပြည်သူတွေကိုကာကွယ်ပေးဖို့အတွက် စစ်သင်တန်းတတ်ရောက်နေတာကြောင့် ကိုးရီးယားသတင်းတွေမှာ အကျယ်တဝင့်နဲ့ ဖော်ပြခြင်းခံနေရတာဖြစ်ပါတယ်။ ပြည်သူတွေကတော့ ဟား၅ကောင်လူရွှင်တော်အဖွဲ့အနေနဲ့အခုလိုနိုင်ငံခြားသတင်းတွေမှာ ဖော်ပြခံနေတာကြောင့် ဝမ်းသာဂုဏ်ယူနေကြပါတယ်။ ကိုးရီးယားသတင်းတွေမှာ ရေးသားဖော်ပြနေကြတဲ့ နာမည်ကြီးဟား၅ကောင်လူရွှင်တော်အဖွဲ့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ် ။

Source :  Original Upload

Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit: Taing Kyaw ' s Facebook Acc 
Photo Credit: Taing Kyaw ' s Facebook Acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T