ကွယ်လွန်သွားသူ မိခင်အတွက် အုတ်ဂူလုပ်ဖို့ စီစဉ်ရင်း လက်ရှိရေဝေးက မြေပေါက်ဈေးကို ဗဟုသုတအဖြစ် ပြောပြလာတဲ့ ခွန်းဆင့်နေခြည်

//s9.kh1.co/3e/3e23e01d68d288ac55c23ce579fa9cfbd4f68fd3.jpeg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မေလ ၁ ရက်နေ့ ညနေ ၅ နာရီ လောက်က သရုပ်ဆောင် ခွန်းဆင့်နေခြည်ရဲ့ မိခင်ဖြစ်သူ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ခွန်းဆင့်ကတော့   အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် လက်ရှိနေထိုင်နေတာ ဖြစ်တာကြောင့် မိခင်ရဲ့ နောက်ဆုံး ခရီးကိုတောင် လိုက်ပါ ပို့ဆောင်ခွင့် မရတဲ့ အနေအထားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမေ့အတွက် သူမလုပ်ပေးနိုင်သလောက် ဆောင်ရွက်ပေးဖို့အတွက် စီစဉ်နေတာ ဖြစ်ပါတယ်။

Photo Crd-Khun Sint Nay Chi’s Facebook Account 
Photo Crd-Khun Sint Nay Chi’s Facebook Account 
Photo Crd-Khun Sint Nay Chi’s Facebook Account 
Photo Crd-Khun Sint Nay Chi’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်က ခွန်းဆင့်နေခြည်ရဲ့ လူမှုကွန်ယက်တွင် ကွယ်လွန်သွားသူ အမေ့အတွက်အုတ်ဂူလုပ်ဖို့ စီစဉ်ရင်း လက်ရှိရေဝေးက မြေပေါက်ဈေးကို ဗဟုသုတအဖြစ် ပြောပြလာတာ ဖြစ်ပါတယ်။ ရေဝေးက သင်္ချိုင်းမြေတွင် ၄ ပေ ၆ ပေ မြေကွက်တစ်ကွက်ကို ၁၅ သိန်း ၅ သောင်းဖြစ်ပြီး အမိုးအကာ ပါရှိမည်ဆိုပါကနောက်ထပ် ၇၅၀၀၀၀ ထပ်ပေးရမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၂၃ သိန်း အကုန်ကျခံနိုင်မှသာ လှလှပပဂူသွင်းနိုင်မှာ ဖြစ်ကြောင်း အခုလို ရှင်းပြထားတာ ဖြစ်ပါတယ်။

Photo Crd-Khun Sint Nay Chi’s Facebook Account 
Photo Crd-Khun Sint Nay Chi’s Facebook Account 
Photo Crd-Khun Sint Nay Chi’s Facebook Account 
Photo Crd-Khun Sint Nay Chi’s Facebook Account 

" ယခုလက်ရှိရေဝေးကမြေပေါက်စျေးကို ဗဟုသုတအဖြစ်ပြောပြပါမယ်။ ၄ ပေ ၆ ပေ မြေကွက်တစ်ခုကို ၁၅ သိန်းငါးသောင်း အမိုးအကာ ပါရင် နောက်ထပ်၇သိန်းငါးသောင်း ထပ်ပေးရပါတယ်။အားလုံးပေါင်း ၂၃ သိန်း ဆိုရင်အလောင်းကိုလှလှပပလေးဂူသွင်းလို့ရပါပြီ။အလောင်းပြင်ဆင်စရိတ်နဲ့ ခန်းမကြေး ပန်းခြင်းကြေးများကသပ်သပ် ပေးရပါတယ်။ " ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်များကလည်း  လက်ရှိမြေကွက်ဈေးတွေကို ကြားသိလိုက်ရတဲ့အတွက် အတော်လေးကိုအံ့အားသင့်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမြေဈေးဟာ အခြေခံလူတန်းစားတွေအတွက်တော့ ဘယ်လိုမှမတတ်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အားလုံးလည်း ဗဟုသုတရရှိစေဖို့အတွက် ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Khun Sint Nay Chi’s Facebook Account 

Photo Crd-Khun Sint Nay Chi’s Facebook Account 
Photo Crd-Khun Sint Nay Chi’s Facebook Account 
Photo Crd-Khun Sint Nay Chi’s Facebook Account 
Photo Crd-Khun Sint Nay Chi’s Facebook Account 
Photo Crd-Khun Sint Nay Chi’s Facebook Account 
Photo Crd-Khun Sint Nay Chi’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T