သူမမွေးစားထားသော (၅) ရက်သား ကလေးလေးရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/ea/ea853c6e3a790938cb2be52ede4583afc2afd067.jpeg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ခိုင်နှင်းဝေကိုတော့ ပရဟိတမင်းသမီးအဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ သူမကတော့ ကိုယ်ပိုင်ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ထားပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက်ကူညီဖြည့်ဆည်းပေးနေသူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံထားရတဲ့ လူမမယ်ကလေးတွေကိုလည်း  ခေါ်ယူမွေးစားထားပြီး မိခင်ရင်းသဖွယ် ပြုစုစောင့်ရှောက်ပေးနေသူ ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Page 

မကြာသေးခင် ရက်ပိုင်းလောက်က ဖြူးမြို့နယ် ဇေယျဝတီမြို့ဘက်က စွန့်ပစ်ခံ (၅) ရက်သားကလေးအား သူမထံပေးဖို့ ဆက်သွယ်လာတာ ဖြစ်ပါတယ်။  အမှန်တကယ် စွန့်ပစ်ခံထားရတဲ့ ကလေးဖြစ်တဲ့အတွက် ခေါ်ယူမွေးစားဖို့ဆုံးဖြတ်လိုက်ပြီး သူမဆီရောက်လာတဲ့အခါ ထိုကလေးမှာ ပေါင်မပြည့်ဘဲ အသားတွေ ဝါနေပြီး နို့စို့ဖို့အတွက်ခက်ခဲနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သားလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပေးခဲ့ပြီး မနေ့ညက ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်တွင် ကလေးရဲ့ လက်ရှိအခြေအနေကို ပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 

" သားလေးက ကံကောင်းပါတယ်ရှင်..ဆေးရုံ တင်စရာ မလိုဘဲ စိတ်ချရတဲ့ အခြေအနေ လေးပါ..ကျွန်မရဲ့ ကလေးတွေကို မေတ္တာဖြင့် စမ်းသပ်ခ မယူဘဲ အမြဲ စောင့်ရှောက်ကြည့်ရှုပေးပါသော ကလေး အထူးကု ပါရဂူ ဒေါက်တာဒေါ်ခင်ခင်ထား ဆရာဝန်မကြီးကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်။ ကလေးတွေကို လိုအပ်သောဆေးဖိုးဝါးခများ ၊ အာဟာရ များ လှူဒါန်းပေးပါသော ခုနှစ်ရက် သားသမီး အလှူရှင်များ အားလုံး ကိုလည်းကျေးဇူး အများကြီး တင်ပါတယ်။ ကလေးတွေကို ချစ်ပေးကြတဲ့ သူများ အားလုံးကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်ရှင်..???" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကလေး အခုလို  စိုးရိမ်ရတဲ့ အနေအထားမဟုတ်တော့တဲ့အတွက် ဝမ်းသာနေကြတာ ဖြစ်ပါတယ်။ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေလည်း ကုသိုလ်ရေးတွေ အများကြီး ဆောင်ရွက်န်ိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Khine Hnin Wai’s Facebook Page 

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T