မျက်စဥ်းဖိုးမတတ်နိုင်လို့ မျက်လုံးတစ်ဖက်တိမ်ဖုံးကာမမြင်ရတော့မယ့်အခြေအနေနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့ လူကြမ်းမင်းသားကြီးဦးဘဂျမ်း

//s9.kh1.co/4f/4f82b2a032e4e0c954886e06f89fed82eeb1419a.jpg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာရှင်တွေလည်း အလုပ်တွေရပ်နားထားရကာ စီးပွားရေးကြပ်တည်းမှုတွေနဲ့ တွေ့ကြုံခံစားနေကြရတာဖြစ်ပါတယ်။ ဇာတ်ပို့၊ဇာတ်ရံတွေနဲ့လူကြမ်းသရုပ်ဆောင်တွေဆိုရင်လည်း အနုပညာအလုပ်တွေမလုပ်ရတော့တာကြောင့် အတော်လေးခက်ခဲမှုတွေနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။

Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc

မြန်မာ့အနုပညာလောကမှာ လူကြမ်းသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါ၀င်သရုပ်ဆောင်တဲ့ ဦးဘဂျမ်းတစ်ယောက်လည်း စီးပွားရေးမပြေလည်မှုတွေကြောင့် တိမ်စွဲနေတဲ့မျက်လုံးကုသဖို့အတွက် ဆေးဖိုးပင်မတတ်နိုင်ဘူးလို့သိရပါတယ်။ အခုလိုအခက်အခဲဖြစ်နေတဲ့ ဦးဘဂျမ်းအတွက် သရုပ်ဆောင်မေနွယ်ထွန်းက သူတတ်နိုင်တဲ့ဘက်ကနေ ကူညီခဲ့တာပါ....။ မေနွယ်ထွန်းက သူမရဲ့ Facebookစာမျက်နှာမှာ "ဒီဦးလေးကို တော်တော်များများကတော့ သိကြမယ်လို့ ထင်ပါတယ်ရှင်သူက အနုပညာ လောကမှာ လူကြမ်း မင်းသားကြီးအဖြစ်ရပ်တည်ခဲ့တာ ကြာပါပြီမနေ့က ဆွိကို ဦးဆွေကနေတဆင့်အကူညီတောင်းလာပါတယ်။ ဥိးဆွေက ကြားကကူညီပြီးပြောပေးတာပါ။ဦးဘဂျမ်း မျက်လုံးတဖက်က တိမ်ဖုံးပြီး မမြင်ရတော့ပါဘူး။ မျက်စဥ်းဆေးဖိုးမတတ်နိုင်တော့ ​မျက်စဥ်းဆေးဖိုးလေးပဲလှူဖို့ သူ အကူညီတောင်းရှာတာပါ။

Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc

ဆွိကတော့ ဒီချိန်မှာ အနုပညာသမားတွေလဲအလုပ်တွေလုပ်လို့မရတော့ မျက်စဥ်းဖိုးအပြင်​စားဝတ်နေရေးအတွက်ပါ ဆွိရှာထားတဲ့ ပိုက်ဆံထဲက လှူလိုက်ပါတယ်ရှင်။ ဆွိ အကောင့်ထဲမှာရှိတဲ့ ချစ်ခင်ရသောအနုပညာညီအကိုမောင်နှမများ လဲဦးဘဂျမ်းအတွက် အလှူငွေလေး ထည့်ဝင်ချင်ရင်တထောင်ကစပြီး အနည်းအများမဟုတ်ပါဘူးရှင် ပါဝင်လှူဒါန်းပေးကြပါဦးနော်မေတ္တာရပ်ခံပါရစေရှင်......" ဆိုပြီး မျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေလည်း တတ်နိုင်သရွေ့လှူဒါန်းချင်ရင် သရုပ်ဆောင်မေနွယ်ထွန်းနဲ့ဆက်သွယ်ပြီးလှူဒါန်းလို့ရတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc
Photo credit-​ May Nwe Htun's Facebook acc

သတင်း အရင်းအမြစ်May Nwe Htun's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T