မိခင်ရဲ့နောက်ဆုံးခရီးကို ပြေးတွေ့လို့မရတဲ့အခြေအနေဖြစ်လို့ အဝေးကနေပဲကန်တော့ပြီး မျက်ရည်တွေနဲ့နှုတ်ဆက်နေရှာတဲ့ ခွန်းဆင့်နေခြည်

//s9.kh1.co/36/3614a70410357a64f6809feb8ee7ceacc6804d79.jpeg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

မိခင်ရဲ့နောက်ဆုံးခရီးကို ပြေးတွေ့လို့မရတဲ့အခြေအနေဖြစ်လို့ အဝေးကနေပဲကန်တော့ပြီး မျက်ရည်တွေနဲ့နှုတ်ဆက်နေရှာတဲ့ ခွန်းဆင့်နေခြည်

သရုပ်ဆောင်ခွန်းဆင့်နေခြည်ကတော့ လက်ရှိအချိန်မှာဆိုရင် နယူးယောက်မှာ နေထိုင်နေတာဖြစ်ပြီး သူမ အဲ့ဒီကိုစရောက်တဲ့အချိန်က ၂၀၂၀ခုနှစ် အောက်တိုဘာလထဲမှာပဲဖြစ်ပါတယ်။သူမ ပြည်ပကိုထွက်ခွါချိန်မှာ COVID-19 ကူးစက်ရောဂါတွေလည်း နိုင်ငံအသီးသီးမှာ ဖြစ်ပွါးနေတာဖြစ်လို့ နယူးယောက်မှာလည်း Quarantine (၁၄) ရက် နေလိုက်ရသေးတာဖြစ်ပါတယ်။အခုချိန်ထိလည်း ပြည်ပနိုင်ငံတချို့မှာ COVID-19 မကင်းစင်သေးတာကြောင့် ခွန်းဆင့်နေခြည်လည်း အစစအရာရာဂရုစိုက်နေရတာဖြစ်ပါတယ်။

Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ခွန်းဆင့်နေခြည်လည်း မိခင်ကွယ်လွန်သွားတာတောင် ပြန်မလာနိုင်တာဖြစ်ပါတယ်။သူမရဲ့မိခင်ကတော့ ဇွန်လ (၁) ရက်နေ့၊ညနေ (၅) နာရီဝန်းကျင်မှာ နှလုံးအမောဖောက်ပြီး ရန်ကုန်မှာဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ခွန်းဆင့်နေခြည်က အဝေးရောက်နေပေမယ့်လည်း အိမ်မှာ CCTVတွေ တပ်ဆင်ထားပြီး မိခင်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးတာဖြစ်ပါတယ်။လိုလေသေးမရှိအောင် အကုန်ဆောင်ရွက်ပေးပြီး မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ကြားကနေ အခုလိုဖြစ်သွားလို့ သူမအနေနဲ့ ယူကြုံးမရဖြစ်နေရှာတာဖြစ်ပါတယ်။

Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc

ယနေ့၊ဇွန်လ(၃)ရက်နေ့မှာတော့ ရန်ကုန်၊ရေဝေးသုသာန်မှာ သူမရဲ့မိခင်ကို ဂူသွင်းသင်္ဂြိုလ်လိုက်တာဖြစ်ပါတယ်။ခွန်းဆင့်နေခြည်က မိခင်ရဲ့နောက်ဆုံးခရီးကို ပြေးတွေ့လို့မရတဲ့ အခြေအနေဖြစ်တာကြောင့် အဝေးကနေပဲကန်တော့ပြီး မျက်ရည်တွေနဲ့နှုတ်ဆက်နေရှာတာဖြစ်ပါတယ်။သူမကတော့ “မေမေ့ကိုဂူသွင်းသင်္ဂြိုလ်ပြီးပါပြီအဝေးကနေကန်တော့ပါတယ်မေမေ  သမီးကိုစိတ်ချဖို့နဲ့သံယောဇဉ်တွေဖြတ်ပြီးကောင်းမွန်ရာဘုံဘဝမှာအနားယူပါမေမေ သမီးပြောတာတွေမေမေကြားသိပါစေ” ဆိုပြီး ပုံရိပ်တချို့ကို မျှဝေလာခဲ့တာဖြစ်ပါတယ်။                                                                                                                                          

Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc
Photo Credit: Nay Chi’s FB Acc

Source&Photo Credit: Nay Chi’s FB Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T