အိမ်မှာပင့်ဆောင်ထားတဲ့ တန်ခိုးကြီးရုပ်ပွားတော်မြတ်ကို တရိုတသေနဲ့ ရှိခိုးနေကြတဲ့ သားသမီးတွေကိုကြည့်ပြီး ပီတိဖြစ်နေရတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/54/54e04be873bd6d8ada8a013f037d1a6b2791d9b9.jpeg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

......

စွန့်ပစ်ခံ ကလေးငယ်တွေရဲ့ ဘဝကို တတ်နိုင်သလောက် ကယ်တင်နေပြီး ဖြူစင်တဲ့ ပရဟိတ နှလုံးသာလေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေကတော့ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး တစ်ယောက်ဖြစ်သလို ပရိသတ်တွေ လေးစား ချစ်ခင်နေရသူပါပဲနော်။ အခုအချိန်မှာ ဆိုရင် သူမဟာ လူမှုကူညီရေး ပရဟိတတွေ သာမက မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတွေ ပေးနေခဲ့ပါတယ်။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page

အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးလေးတွေကို ကြင်နာတဲ့ နှလုံးသားအပြည့်နဲ့ မွေးစားကယ်ဆယ်ခဲ့တာဖြစ်ပါတယ် ။ ကလေးတွေရဲ့ ကိစ္စအဝဝကိုလည်း ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစု ပျိုးထောင်ပေးနေတာပါ ။ အားလပ်ချိန်တွေမှာလည်း ကလေးတွေကို အချိန်ပေးကာ အနားမှာနေပြီး အတူတူ ဆော့ကစားပေးရင်း ပျော်ရွှင်စရာ အချိန်လေးတွေကို ဖန်ဆီးတတ်ပါသေးတယ် ။ 

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page

မကြာခင်ရက်ပိုင်းက ခိုင်နှင်းဝေဟာ မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်သော အောင်သိဒ္ဓီ သစ္စာရှင်၊ အောင်သိဒ္ဓိ စတြာရှင်၊ အောင် သိဒ္ဓိ မေတ္တာရှင်  ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးများကို သူမရဲ့ အိမ်မှာ ပင့်ဆောင် ပူဇော်ထားခဲ့ပါတယ်။  ဒီနေ့မှာတော့ သူမအိမ်မှာ ပင့်ဆောင်ထားတဲ့ တန်ခိုးကြီး ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးများကို တရိုတသေ ရှိခိုးဦးချနေကြတဲ့ သားတွေသမီးတွေကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေခဲ့ပါတယ် ။ ကလေးလေးတွေရဲ့ ဖြူစင်လွန်းတဲ့ အပြုံးလေးတွေကို ကြည့်ပြီး အချစ်ပိုမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Source & Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T