မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့မှ တရားဝင်နှုတ်ထွက်လိုက်ကြတဲ့ ညီမင်းခိုင်နဲ့ မနော

//s9.kh1.co/6f/6f8787b12e5216532118c8a50096c3dc190136f2.jpg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့မှ တရားဝင်နှုတ်ထွက်လိုက်ကြတဲ့ ညီမင်းခိုင်နဲ့ မနော

အဆိုတော်မနောကတော့ လက်ရှိမှာအောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး မြန်မာသံသီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဆိုတော်ညီမင်းခိုင်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး အောင်မြင်မှုတွေကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မနောနဲ့ညီမင်းခိုင်တို့ကတော့ ဇွန်လ၁ရက်နေ့ မြန်မာနိုင်ငံဂီတအစည်းအရုံးယာယီအမှုဆောင်အဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

Photo Credit : မနောManaaw ' s Facebook Page
Photo Credit : မနောManaaw ' s Facebook Page
Photo Credit :Nyi Min Khine ' s Facebook Acc
Photo Credit :Nyi Min Khine ' s Facebook Acc

ယနေ့မှာတော့ မနောနဲ့ညီမင်းခိုင်တို့၂ယောက်ဟာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့မှ တရားဝင်နှုတ်ထွက်လိုက်ကြပါတယ်။ညီမင်းခိုင်ကတော့ ယာယီအမှုဆောင်အဖွဲ့မှာ စည်းရုံးရေးမှူးအဖြစ်တာဝန် ခန့်အပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ညီမင်းခိုင်ကတော့ " အချိန်မျိုးမှာလက်ခံဖို့ခက်ခဲတဲ့အရာမို့လူကြီးမင်းများအားလုံးနားလည်ပေးကြပါရန် လေးစားစွာဖြင့်နှုတ်ထွက်အပ်ပါသည် "ဆိုပြီး နှုတ်ထွက်လိုက်တဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

Photo Credit :Nyi Min Khine ' s Facebook Acc
Photo Credit :Nyi Min Khine ' s Facebook Acc
Photo Credit : မနောManaaw ' s Facebook Page
Photo Credit : မနောManaaw ' s Facebook Page

အဆိုတော်မနောကတော့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့မှာ  အမှုဆောင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ မနောကတော့ အနုပညာပိုင်းမှာ ဝါသနာရှင်သာဖြစ်ပြီး ပညာရှင်မဟုတ်တဲ့အကြောင်း၊ အသက်၃၈နှစ်သာရှိသေးတာကြောင့် အားနည်းချက်တွေများစွာရှိပြီး ယာယီအမှုဆောင်အဖွဲ့ဝင်အဖြစ်နဲ့ မသင့်တော်တာကြောင့် ခွင့်လွတ်နားလည်ပေးစေလိုတဲ့အကြောင်း ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ယာယီအမှုဆောင်အဖွဲ့မှ တရားဝင်နှုတ်ထွက်ကြောင်း ရေးသားထားတဲ့ အဆိုတော်မနောရဲ့စာလေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: မနောManaaw ' s Facebook Page / Nyi Min Khine ' s Facebook Acc

Photo Credit : မနောManaaw ' s Facebook Page
Photo Credit : မနောManaaw ' s Facebook Page
Photo Credit : မနောManaaw ' s Facebook Page
Photo Credit : မနောManaaw ' s Facebook Page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T