ရွှေဘိုဈေးမှမီးလောင်သွားတဲ့ ဆိုင်ခန်းပေါင်း (၉၀၁)ခန်းစာအတွက် အလှူငွေကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တဲ့ အိစိကွေး

//s9.kh1.co/23/23b4ebacef2b8865ae6332fd5083b84d93d7738b.jpg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ကလေးသရုပ်ဆောင်အဖြစ် ငယ်စဉ်ကတည်းက အောင်မြင်မှုတွေရရှိထားသလို ယနေ့အချိန်ထိလည်း ပရိသတ်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အိစိကွေးကတော့ အရေးတော်ပုံကာလကြီးမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အိစိကွေးကတော့ လက်ရှိအခြေအနေတွေကြောင့် ပင်ပန်းခက်ခဲစွာ ရပ်တည်နေကြရတဲ့ ပြည်သူတွေအတွက်တတ်နိုင်သလောက် လှူဒါန်းမှုတွေနဲ့ ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်......။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

အိစိကွေးက အခုဆိုရင်လည်းရွှေဘိုဈေးကြီးမီးလောင်မှုမှာ ဆုံးရှုံးသွားခဲ့တဲ့ဈေးသူဈေးသားတွေအတွက် တတ်နိုင်သရွေ့လှူဒါန်း‌မှုလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို သူ့ရဲ့ Facebookစာမျက်နှာမှာ "ရွှေဘိုစျေးမှ မီးလောင်သွားတဲ့ ဆိုင်ခန်းပေါင်း - ၉၀၁ ခန်းဆိုင်ရှင် - ၅၈၁ ဦး ဆိုင်ငှါး - ၁၆၀ပျံကျစျေးသည် - ၂၄၀ အလုပ်သမား - ၇၀၀ ( ဦးဇင်းပြောပြတဲ့ စာရင်းအရ) အတွက် အလှူငွေတွေကို လုံလုံခြုံခြုံနဲ့ ရောက်အောင် ရွှေဘိုမြို့က ဓမ္မဒါယီဆရာတော် အရှင် Ven Pawara ( သာသနာပြုနယ်လှည့်ဓမ္မကထိက ) အား အပ်နှံခဲ့ပါတယ်.....။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

"ဒီလထဲမှာ ဦးဇင်းတို့က အားလုံးရအောင် လှူဒါန်းပေးသွားမှာပါ ရောက်ရောက်ချင်းမှာပဲ စျေးတာဝန်ခံ အဖမ်းခံရတယ်လို့ သတင်းကြားခဲ့ပါတယ် ဘာပဲဖြစ်ဖြစ် အလှူရှင်တွေရဲ့ အလှူငွေတွေကို လုံလုံခြုံခြုံနဲ့ လှူနိင်ခဲ့ပါပြီလှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေကို အထူးပဲကျေးဇူးတင်ပါတယ်ဗျနောက်လည်း ကျွန်တော်တို့ အတူတူလှူကြမယ် ဗျာအလှူ အဆင်ပြေ ချောမွေ့အောင် ကူညီပေးတဲ့ ကိုခိုင်ထွန်းအောင်ကိုလည်း ကျေးဇူးတင်ပါတယ်

ပိုက်ဆံလဲရခက်နေတဲ့အချိန် ကူညီပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျ......" ဆိုပြီး ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

သတင်း အရင်းအမြစ်Eisi Kway's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T