ပင်ပန်းကြမ်းတမ်းမှုတွေကို ကြံ့ကြံ့ခံကာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေပြီး ရဲရင့်တဲ့လူငယ်တွေကို ဂုဏ်ပြုစကားဆိုလာတဲ့ ဟားငါးကောင်

//s9.kh1.co/aa/aaab2755ad6ea1b55cdddfc63b2631fd88f53378.jpeg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် ပြီးခဲ့တဲ့လပိုင်းကတည်းက GZလူငယ်တွေနဲ့အတူ တောထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြသူတွေထဲမှာ ဟားငါးကောင်လူရွှင်တော် အဖွဲ့သားတွေကလည်း အပါအဝင်ပါပဲ..။

ဟားငါးကောင်အဖွဲ့ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးကျဆုံးသွားကြတဲ့ ပြည်သူတွေနဲ့ သူရဲကောင်းလူငယ်လေးတွေကို အားနာစိတ်မကောင်းဖြစ်ရတဲ့အတွက် တောထဲဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်..။

Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc

တောထဲတောင်ထဲ ပင်ပန်းကြမ်းတမ်းမှုအခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ တိုင်းကျော်တို့အဖွဲ့ကတော့ ပြည်သူတွေနဲ့ ရပ်တည်နေတဲ့ ရဲရင့်တက်ကြွတဲ့ လူငယ်လူရွှင်တော်တွေကိုလည်း မပျက်မကွက် ဂုဏ်ပြုလာတာ တွေ့ရပါတယ်..။

တောထဲမှာ လက်သုံးချောင်းထောင်ကာ မျိုးဆက်သစ်လူငယ်လူရွှင်တော်တွေရဲ့ ရဲရင့်ပြတ်သားတဲ့ ရပ်တည်ချက်တွေကို လေးစားစွာ ဂုဏ်ပြတဲ့အကြောင်းကို တိုင်းကျော်က ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc

"ရဲရင့်သော ညီငယ်လူရွှင်တော်များ အား 

ဂုဏ်ပြုလျှက် ငါတို့က လူရွှင်တော် တွေ.." ဆိုပြီး တိုင်းကျော်က ဂုဏ်ပြုစကားဆိုထားတာဖြစ်ပြီး ပရိသတ်တွေကလည်း ဆုတောင်းအားပေးစကားတွေ ဆိုထားကြတာ တွေ့ရပါတယ်..။

အခက်အခဲတွေနဲ့ နေပူမရှောင်မိုးရွာမရှောင် တောထဲမှာ ပင်ပန်းဆင်းရဲမှုတွေနဲ့ ဒုက္ခမျိုးစုံရင်ဆိုင်ကာ တော်လှန်ရေးအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ဟားငါးကောင်အဖွဲ့ကိုလည်း အားလုံးက လေးစားချီးကျူးနေကြတာ ဖြစ်ပါတယ်..။

Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc
Photo Credit - Taingkyaw's Fb Acc

သတင်း အရင်းအမြစ်Taingkyaw's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T