မြန်မာ့အရေးကို အစွမ်းကုန်ကူညီပေးတဲ့ ကိုရီးယားအတွက် သွေးလှူပြီးကျေးဇူးဆပ်ခဲ့ကြတဲ့ ကိုရီးယားရောက်မြန်မာပြည်သူများ

//s9.kh1.co/8a/8afb7bedd961ba756e576cd8897570013ec586cf.png
နေ့စဉ်သတင်းများ

 ၀၈-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ရတဲ့နည်းနဲ့အစွမ်းကုန်ကူညီပေးနေတဲ့ ကိုရီးယားနိုင်ငံသူ နိုင်ငံသားတွေဟာ လက်ရှိမြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို (၁၉၈၈) ခုနှစ်က ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကြောင့် ဒီကာလတွေကို ကိုယ်ချင်းစာပြီး ကူညီဖေးမပေးကြတာပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကြုံဖူးခဲ့တာကြောင့်လည်း ဘယ်လောက်ထိခက်ခဲစွာဖြတ်သန်းရမယ်ဆိုတာကို နားလည်တဲ့ ကိုးရီးယားအစိုးရနဲ့ ပြည်သူတွေဟာ မြန်မာပြည်သူတွေနဲ့ အတူတကွရပ်တည်ပေးပြီး ရတဲ့နည်းနဲ့ ကူညီပေးကြတာ တကယ်ကိုကျေးဇူးတင်စရာကောင်းလွန်းပါတယ်။

Photo Credit - Junghan So's FB Acc
Photo Credit - Junghan So's FB Acc
Photo Credit -Ohmy News's FB Acc
Photo Credit -Ohmy News's FB Acc

ဒီနေ့မှာတော့ ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဂင်ဖိုမြို့ရှိကုန်ထုတ်စက်ရုံမှာအလုပ်လုပ်နေတဲ့ မြန်မာပြည်သားတွေဟာ ကိုရီးယားနိုင်ငံကို ရတဲ့နည်းနဲ့ပြန်လည်အကျိုးပြုချင်တာကြောင့် မိမိတို့ရဲ့သွေးကို စွန့်လွှတ်ပြီး ကိုရီးယားပြည်သူတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ လက်ရှိအလုပ်လုပ်နေတဲ့ ဂင်ဖိုမြို့က ပြည်သူတွေဟာလည်း ဆန္ဒပြပွဲတွေဖြစ်မြောက်အောင် ကူညီပေးသလို အလှူငွေနဲ့ စိတ်ခွန်အားတွေလည်း ပေးခဲ့ပါတယ်။ ဒီလိုကူညီပေးမှုတွေကြောင့် 'Gimpo Myanmar Friends' ဆိုတဲ့ လူ (၁၀၀) ကျော်ပါဝင်တဲ့ အဖွဲ့လေးလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် ကျေးဇူးတင်တဲ့စိတ်နဲ့ အခုလို ပြန်လည်လှူဒါန်းရတာဖြစ်ကြောင်း သွေးလှူခဲ့သူတစ်ဦးကဆိုပါတယ်။

Photo Credit -Ohmy News's FB Acc
Photo Credit -Ohmy News's FB Acc
Photo Credit -Ohmy News's FB Acc
Photo Credit -Ohmy News's FB Acc

အခြေခံလစာနည်းပါးတဲ့မြန်မာပြည်မှာ မိသားစုရဲ့စားဝတ်နေရးအဆင်မပြေနိုင်တာကြောင့် ကိုရီးယားနိုင်ငံကိုထွက်ခွာပြီး စက်ရုံမှာဝင်ရောက်လုပ်ကိုင်ကာ မိသားစုအတွက် ကြိုးစားပေးနေတဲ့ ကိုရီးယားရောက်မြန်မာပြည်သူတွေဟာ မိသားစုအတွက်သာမက တိုင်းပြည်အတွက်ပါ တန်ဖိုးရှိကြသူ တွေပါ။ ကျေးဇူးတရားကိုလည်းသိတတ်ပြီး ပြန်လည်အကျိုးပြုတတ်တဲ့ စိတ်ထားရှိသူတွေမို့ ဒီထက်မက အောင်မြင်တဲ့ဘဝတွေကို ပိုင်ဆိုင်ရမှာအသေအချာပါပဲ။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဒီမိုကရေစီ လိုလားတဲ့ မြန်မာပြည်သူတွေအားလုံးဟာ တစ်စိတ်တည်းတစ်ဝမ်းတည်းရှိနေတယ်ဆိုတာကို ကိုရီးယားရောက်မြန်မာတွေက သက်သေပြလိုက်ပါပြီ။

Photo Credit -Ohmy News's FB Acc
Photo Credit -Ohmy News's FB Acc
Photo Credit -Ohmy News's FB Acc
Photo Credit -Ohmy News's FB Acc

သတင်း အရင်းအမြစ်Junghan So's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T