ကွယ်လွန်သွားတဲ့မသန်စွမ်းမိခင်ရဲ့ရင်နာစရာအဖြစ်အပျက်ကြောင့် ကျန်ရစ်ခဲ့တဲ့ (၆) လအရွယ် သမီးလေးကို ခေါ်ယူမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/ba/ba1ae301c12c42b65099eda483b250e70cb88266.png
အနုပညာရှင်များ

 ၀၈-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ဆင်းရဲနွမ်းပါးမှုကြောင့်အမျိုးသမီးတွေရဲ့ဘဝဟာ တစ်နေ့တခြား လုံခြုံမှုကင်းမဲ့လာရပါတယ်။ ကွမ်းခြံကုန်းမြို့နယ်က မသန်စွမ်းအမျိုးသမီးတစ်ဦးဟာ လူယုတ်မာတစ်ယောက်ရဲ့ အဓ္ဓမကျင့်မှုကြောင့် ကိုယ်ဝန်ဆောင်ခဲ့ရပြီး သမီးလေးတစ်ယောက် မွေးဖွားခဲ့ရပါတယ်။ ဒီလုပ်ရပ်ကြောင့် လူယုတ်မာကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့ သူမဟာတရားစွဲဆိုခဲ့ပါတယ်။ ဒီလိုတရားစွဲဆိုနေစဉ်မှာပဲ တရားရုံးကအပြန်မှာ ရုတ်တရက် နှလုံးရပ်ပြီးသေဆုံးသွားခဲ့ရပါတယ်။ ကျန်ရစ်ခဲ့တဲ့ (၆) လ အရွယ် လူမမယ်သမီးလေးဟာ အမိမဲ့ခဲ့ရပါတယ်။ စာနာတတ်တဲ့ ခိုင်နှင်းဝေဟာ ရင်ခွင်မဲ့ကလေးတွေကို စောင့်ရှောက်သူပီပီ သမီးလေးကို ခေါ်ယူမွေးစားခဲ့ပြန်ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

ကွယ်လွန်သွားသူအတွက်စိတ်ဖြောင့်ရအောင် သမီးလေးကိုကောင်းကောင်းမွန်မွန် စောင့်ရှောက်ဖို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သူမကပြောခဲ့ပါသေးတယ်။ ခေါ်ယူစောင့်ရှောက်ထားတဲ့ကလေးတိုင်းကို ရင်နှစ်သည်းချာလို အသေအချာပြုစုပေးပြီး အနာဂတ်ကောင်းတွေပိုင်ဆိုင်စေနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေခဲ့ပါတယ်။ သူမရဲ့ဖြူစင်လွန်းတဲ့ စေတနာကိုအသိအမှတ်ပြုတဲ့အလှူရှင်တွေဟာလည်း ကလေးတွေအတွက် ရင်သွေးလေးများ ဂေဟာကို မကြာခဏဆိုသလိုလာရောက်လှူဒါန်းပေးကြပါတယ်။ ဒီလိုလှူဒါန်းကြတာကြောင့် လည်း သူမဟာ ကလေးတွေတင်မကဘဲ လိုအပ်တဲ့နေရာတိုင်းကို လက်လှမ်းမှီသလောက် ကူညီပေးခဲ့ပါသေးတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သမီးလေးကိုခေါ်ယူမွေးစားခဲ့တဲ့ ပုံရိပ်တွေကို " ကောင်းရာမွန်ရာကိုသွားပါတော့ရှင် အမှု ရုံးချိန်းလည်း ပြီးပြတ်ပြီး သမီးလေးကိုလည်း ကျမတို့ဂေဟာရဲ့မိသားစုဝင်အဖြစ်သတ်မှတ်လို့ အပြီးခေါ်သွားပါပြီနော် နောက်ဘဝမှာ ကျန်းမာသန်စွမ်းလို့ အနိုင်ကျင့်စော်ကားခံရမှုမှ ကင်းဝေးပြီး ဘဝအဆက်ဆက် စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေ သမီးလေးကို စိတ်ချလက်ချထားပြီး ကျွတ်ရာလွတ်ရာ သွားပါတော့ရှင် အမျှ..အမျှ..အမျှ (ကွမ်းခြံကုန်း မြို့နယ်မှ မတရားကျင့်ခံရ၍ ကိုယ်ဝန်ဆောင်ခဲ့ရသော မသန်စွမ်းအမျိုးသမီးတစ်ဦး တရားခွင်မှအပြန် နှလုံးရပ်ပြီးသေဆုံးသွား၍ ကျန်ရစ်ခဲ့သော (၆) လ အရွယ် သမီးလေးကို ကျမတို့ " ခိုင် " မိသားစု မှ ခေါ်ယူမွေးစားခဲ့ပါတယ်ရှင်) " ဆိုပြီး ဝေမျှခဲ့ပါတယ်။ မေတ္တာတရားပြည့်ဝတဲ့သူမကို ပရိသတ်တွေကလည်း ကျေးဇူးတင်စကားဆိုခဲ့ကြပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T