ပြည်သူလူထုကတော့ ဒီကာလမှာ အခက်အခဲတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့နေရပေမယ့်လည်း မိမိထက်အားနည်းသူတွေကို မေတ္တာတရားနဲ့ ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကားမတော်တဆမှုကြောင့် လူ့အသက်သုံးချောင်း ဆုံးရှုံးရလိုက်တဲ့အခြေအနေကို ပြည်သူလူထုကလည်း အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာ အသက်ဆုံးပါးသွားရတဲ့ Taxi ယာဉ်မောင်းဦးလေးနဲ့ သူ့အမျိုးသမီးတို့မှာ (၁၆)နှစ်အရွယ် သားလေးတစ်ယောက် ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကျန်ရစ်သူသားလေးက ကျောင်းတောင်မပြီးသေးဘဲ အဖေနဲ့အမေကို အားကိုးနေရတာဖြစ်လို့ ဒီလိုအခြေအနေမျိုးမှာ သူ့အတွက် အခက်အခဲတွေအများကြီးကို ရင်ဆိုင်နေရမှာပဲဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်ဦးက တတ်နိုင်သလောက်ကူညီပေးဖို့ လူငယ်လေးကို သွားပြောတဲ့အခါမှာ “သူ့ကို လိမ်နေတယ်ပြောကြလို့” ဆိုပြီး သိပ်လက်မခံချင်ဘူးလို့ သိရပါတယ်။မိဘနှစ်ပါးလုံးကို တစ်ချိန်တည်းဆုံးရှုံးလိုက်ရလို့ ခိုးကိုးရာမဲ့နေတဲ့ ကျန်ရစ်သူလူငယ်လေးကို လိမ်နေတယ်ဆိုပြီး ဝိုင်းမပြောကြဖို့ စေတနာရှင်ပြည်သူက မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စေတနာရှင်ပြည်သူကလည်း လူငယ်လေးကို စိတ်ဓာတ်မကျဖို့၊ဘဝကိုမရှုံးမပေးလိုက်နဲ့ ဆိုပြီး အားပေးစကားလေးတွေပြောပေးနေတာဖြစ်ပါတယ်။ကား Accident အတွက် တရားခွင်ကြားနာမှုကလည်း စတင်နေပြီဖြစ်လို့လူငယ်လေးက သူ့ရဲ့ အဖေနဲ့အမေအတွက် တရားမျှတမှုရပါစေ ဆိုပြီး ဆုတောင်းနေရှာတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း အဲ့ဒီလူငယ်လေးကို တတ်နိုင်သလောက် ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။ကျန်ရစ်သူလူငယ်လေးကို ကိုယ်ချင်းစာပြီး အလှူငွေထည့်ဝင်ချင်ရင်လည်း လှူဒါန်းလို့ရမယ့်ဖုန်းနံပါတ်တွေကို အောက်မှာမျှဝေပေးလိုက်ပါတယ်။

(K pay - 095037871 Yuzana Tun 

AYA - 0063201010132833 Yuzana Tun

CB - 0096600100056618 Khaing Mar Khin 

          (CB ရှိလားမေးကြလို့ကျမအမေ Acc ပါ)

လူငယ်လေးဆီ တိုက်ရိုက်လှူဒါန်းချင်ရင် -(09 420023251)ကို ဆက်သွယ်လို့ ရပါတယ်။)

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။