ဒီချိန်ကာလလေးမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ သူတွေအတွက် မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်လှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ

//s9.kh1.co/88/887122d73e948aef72f4b823c8ea5939a5994194.jpg
အနုပညာရှင်များ

 ၀၉-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးချော​လေး ဆောင်းယွန်းစံ ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံဟာ မကြာခဏဆိုသလို လိုအပ်နေတဲ့ သူတွေအတွက် တတ်နိုင်သလောက် အလှူလေးတွေ ပြုလုပ်လှူဒါန်းပေးနေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးမှာလည်း အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးခဲ့တာ တွေ့ရပါတယ်။

Photo Credit - Saung Yoon San fb account

ဒါ့အပြင် ပြီးခဲ့တဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ စားသောက်စရာတွေ လှူဒါန်းပေးခဲ့ပါတယ်။ ယခုမှာလည်း ဆောင်းယွန်းစံဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေးကို ခက်ခဲစွာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ သူတွေအတွက် အခြားစေတနာရှင်တွေ နဲ့ စုပေါင်းပြီး မွန်မြတ်တဲ့ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။

Photo Credit - Saung Yoon San fb account
Photo Credit - Saung Yoon San fb account
Photo Credit - Saung Yoon San fb account
Photo Credit - Saung Yoon San fb account

ဒီအလှူလေးကတော့ အရှေ့ဒဂုံ၊ ကျူးကျော် ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ သူတွေအတွက် အိမ်ထောင်စု(၁၀၀)စာရှိတဲ့ ဆန် ၊ ဆီ ၊ ကြက်သွန်နီ ၊ ပဲ ၊ ငါးသေတ္တာ၊ အသားမှုန့် နှင့် အခြားစားသောက်စရာတွေကို စေတနာရှင်တွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ မျှဝေလှူဒါန်းပေးနေတာ တွေ့ရပါတယ်။ ယခုလို အခက်အခဲဖြစ်နေတဲ့ အချိန်လေးမှာ လိုအပ်နေတဲ့သူတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီထောက်ပံ့ပေးနေတဲ့ မြင်ကွင်းလေးကတော့ ကြည်နူးပီတိ ဖြစ်ရပါတယ်။

သတင်း အရင်းအမြစ်Source - Saung Yoon San fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T