ဆိုင်ကယ်စီးနှင်းမှု တားမြစ်ပိတ်ပင်လိုက်ပြီး ဖမ်းဆီးမှုတွေရှိနေတဲ့ ရန်ကုန်တိုင်း

//s9.kh1.co/99/99862ba13972f3ced714750a4b69aca4de74a40e.jpeg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးအခြေအနေတွေက ငြိမ်သက်မှုမရှိသေးဘဲ အမျိုးမျိုးသောအကြောင်းအရာတွေနဲ့ ပြည်သူတွေက အခက်အခဲတွေမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်..။ 

ဒီကနေ့ဇွန်လ(၉)ရက်နေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးကို ဆိုင်ကယ် စီးနှင်းမှု တားမြစ်လိုက်ပြီးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး အဖမ်းအဆီးတွေလည်း ရှိကြောင်း သိရပါတယ်..။

Photo Credit
Photo Credit

ဆီထည့်သုံးတဲ့ ဆိုင်ကယ်တွေအပြင် ဘတ်ထရီနဲ့ သုံးတဲ့ ဆိုင်ကယ်တွေကိုပါ စီးနှင်းခွင့် တားမြစ်လိုက်တာဖြစ်ပြီး ဖမ်းဆီးမှုတွေမှာတော့ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်နိုင်ပါတယ်..။

ဆိုင်ကယ်စီးနှင်းသူပြည်သူတွေအနေနဲ့ ဆီဆိုင်ကြီးတွေမှာလည်း စောင့်ဖမ်းနိုင်တာကြောင့် ဆီမဖြည့်ကြဖို့ ပြည်သူတွေကအချင်းချင်း သတိပေးပြောပြထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit

ယနေ့မနက်ပိုင်း (၁၀)ခွဲဝန်းကျင်နဲ့ (၁၁)နာရီခွဲဝန်းကျင်လောက်မှာ မြောက်ဥက္ကလာ အထက(၃)ကျောင်းထိပ်နဲ့ အဝေး​ပြေးကွင်းနားက သီရိရတနာဈေးရှေ့တွေမှာလည်း အသီးသီး အဖမ်းအဆီးတွေရှိနေတယ်လို့ သိရပါတယ်..။

အဆိုပါအခြေအနေတွေနဲ့ ဖမ်းဆီးမှုတွေကြောင့် ပြည်သူတွေကတော့ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြတာမို့ ဂရုတစိုက်နဲ့ သတိထားသွားလာကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit
Photo Credit

သတင်း အရင်းအမြစ်City Yangon Driving School


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T