အချိန်ကာလ ကြာမြင့်နေပြီဖြစ်တဲ့ ဒီလူထု လှုပ်ရှားမှုကြီးကြောင့် မြန်မာနိုင်ငံ အနှံအပြားရှိ ပြည်သူတွေက အခက်အခဲတွေ မျိုးစုံကို ကြုံတွေ့နေရပါတယ် ။ ပြည်မမှာလည်း အလုပ်အကိုင်တွေ ရပ်နားထားရတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြသလို တောင်တန်းဒေသတွေမှာလည်း တိုတ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်​တွေလည်း များပြားစွာရှိနေပါတယ်။

Photo Credit- Original Uploader
Photo Credit- Original Uploader

ဒီလို အခြေအနေတွေမှာ အားလုံးက တစ်ယောက်အခက်အခဲကို တစ်ယောက် ဖြေရှင်းပေးရင်း အကောင်းဆုံး ကျော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။ လူတိုင်းကတော့ ကိုယ်စီ ဒုက္ခတွေကို ရင်ဆိုင်နေရပေမယ့် လျှောက်လှမ်းနေကြတဲ့ ပန်းတိုင်က တူညီနေလို့ လက်တွဲ ညီညီနဲ့ ကူညီဖေးမရင်း အားတင်းထားကြတာပါ ။ ခုဆိုရင် ရန်ကုန်အပြင် အခြားမြို့ကြီးတွေမှာ စားဝတ်နေရေး အဆင်မပြေဖြစ်နေကြတဲ့ ပြည်သူတွေ အတွက် စေတနာရှင်တွေ ပူးပေါင်းပြီး လှူဒါန်းမှုတွေ မျိုးစုံ ပြုလုပ်ပေးလျက်ရှိပါတယ်။

Photo Credit- Original Uploader
Photo Credit- Original Uploader

ယနေ့ ဇွန်လ (၉) ရက်နေ့မှာလည်း အလှူရှင်တွေ စုပေါင်းပြီး (၆၉)ရပ်ကွက်၊ မြနန္ဒာလမ်းဆုံ၊ အပိုင်း(၄)၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ပြည်သူများအတွက် အဝတ်အထည် စုစုပေါင်း (၇၀) ထည်ကို ပေးဝေလှူဒါန်းပေးခဲ့ကြပါတယ် ။  စားဖို့တောင် မနည်း ရှာဖွေ နေရချိန်မှာ အဝတ်အစားအတွက် အပိုသုံးဖို့ အဆင်မပြေကြတဲ့ လက်လုပ်လက်စားပြည်သူတွေဖြစ်လို့ ခုလို အဝတ်အထည် လှူဒါန်းကြတဲ့ အလှူရှင်တွေကြောင့် ကြည်နူးပီတိဖြစ်နေကြမှာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် အဝတ်အထည် လှူဒါန်းဝေမျှနေတဲ့ ကြည်နူး ပီတိဖြစ်စရာ ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit- Original Uploader
Photo Credit- Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။