လူပုံအလယ်မှာ လက်ကိုကိုင်ပြီး ပါးရိုက်ခံခဲ့ရတဲ့ ပြင်သစ် သမ္မတ

//s9.kh1.co/5d/5d6e4c8eccf7264ed0d058ece1608c3f81352ffe.jpg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်ဟာ ဇွန်လ ၈ ရက်နေ့  အင်္ဂါနေ့က နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။

၄င်း လူထုနဲ့ တွေ့ဆုံစဥ်အတွင်း မှာတော့ ပြင်သစ်သမ္မတဟာ အမျိုးသားတစ်ဦးရဲ့ ပါးလှမ်းလိုက်တာကို ခံခဲ့ရတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/d1/d11a080e846d21a2aa6a147536564514ce75a043.jpg

ပြင်သစ်သမ္မတဟာ လူအုပ်ထဲက သူ့ကိုထောက်ခံအားပေးတဲ့ သူတွေကို အနီးကပ် နှုတ်ဆက်ဖို့ အရံအတားနားကို ကပ်လာတဲ့အချိန်မှ အရိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

အွန်လိုင်းပေါ် ပျံ့လာတဲ့ ဗီဒီယိုထဲမှာတော့ အရံအတားနားကပ်လာချိန်မှာ အမျိုးသားတစ်ဦးက သမ္မတရဲ့ လက်ကိုကိုင်ပြီး လျင်လျင်မြန်မြန်နဲ့ ပါးကိုလှမ်းရိုက်ခဲ့တာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=406,q=100/a1/a199ec0faf32f33235bb38809c5854ce710fdbe1.jpeg

အဲ့ဒီနောက်မှာတော့ ကိုယ်ရံတော်တွေက သမ္မတကို လူထုနဲ့ဝေးရာကို ခေါ်ဆောင်သွားခဲ့ကြပြီး ပါးရိုက်ခဲ့တဲ့ အမျိုးသားကိုလည်း ထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။

သို့ပေမယ့် ၄င်းအမျိုးသားဟာ သမ္မတကို ဘာ့ကြောင့်ပါးရိုက်သလဲဆိုတာကိုတော့ မသိရှိရသေးဘူးလို့ သိရသလို တော်ရုံသတ္တိလောက်နဲ့တော့ သမ္မတကို ပါးရိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး.......

https://s9.kh1.co/__image/w=650,h=366,q=100/e8/e8c88a934cfc68483b0a3c69d943a8ac5fea39a8.jpg
https://s9.kh1.co/__image/w=280,h=187,q=100/56/56dc510585bcabc2afab58e4c93f1185304affc7.webp

သတင်း အရင်းအမြစ်The Guardian

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T