မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မေလ ၂၈ရက်နေ့မှာ ဂျပန်လက်ရွေးစင်အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ပြီး ၁၀ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။အဆိုပါပွဲစဥ်အပြီး မြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာ လက်ကျန်ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားဖို့အတွက် ဂျပန်နိုင်ငံမှာနေထိုင်ပြီး လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ပါတယ်။ ယနေ့မှာတော့ မြန်မာဘောလုံးချစ်ပရိသတ်တွေအတွက် စိတ်မကောင်းစရာသတင်းတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။
အဆိုပါစိတ်မကောင်းစရာသတင်းကတော့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ Kit Manager ဖြစ်တဲ့ ဦးပြည့်စုံနိုင်ဟာ ယနေ့မနက်ပိုင်းမှာ ရုတ်တစ်ရက်ကွယ်လွန်သွားခဲ့ပါတယ်။ ဦးပြည့်စုံနိုင်ဟာ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ လက်ရွေးစင်အသင်းတည်းခိုနေတဲ့ ဟိုတယ်မှာပဲ နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ရုတ်တရက်ဆုံးပါးသွားတဲ့ Kit Manager ဦးပြည့်စုံနိုင်အတွက် မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်မိကြောင်း ရေးသားပြောဆိုနေကြပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတော့ အသင်းရဲ့Kit Managerတဲ့ ဦးပြည့်စုံနိုင်တစ်ယောက် အခုလိုရုတ်တရက် ကွယ်လွန်သွားတဲ့ အတွက် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကောင်းရာသုဂတိ ရောက်ရှိပါစေကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။ မြန်မာလက်ရွေးစင်ဘောလုံးအသင်းကတော့ ဇွန်လ ၁၁ ရက်မှာ တာဂျစ်ကစ္စတန်အသင်း ၊ ဇွန်လ ၁၅ ရက်မှာ ကာဂျစ္စတန် အသင်းတွေနဲ့ ဂျပန်နိုင်ငံမှာဘဲ ဆက်လက်ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
Source: MFF ' s Facebook Page