မျက်လုံးမမြင်တဲ့အတွက် လုပ်ကိုင်စားသောက်လို့မရတော့ဘဲ စားဝတ်နေရေးအပြင် ဆေးကုသဖို့ အခက်အခဲဖြစ်နေတဲ့ အဖိုးအဖွား

//s9.kh1.co/0f/0ffc55e116acc8e953e2b53878af709e71b8738c.jpeg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ရန်ကုန်၊ ဒဂုံမြောက်ပိုင်း (၄၀) ရပ်ကွက် ရန်ကြီးလမ်းနဲ့ မာဃလမ်းထောင့်မှာနေထိုင်တဲ့ အဖိုးအဖွားစုံတွဲကတော့ လတ်တလောကာလတွေမှာ စားဝတ်နေရေးအပြင် အစစအရာရာ ခက်ခဲနေတာ တွေ့ရပါတယ်..။

အသက်(၇၈)နှစ်အဖိုးနဲ့ အသက်(၈၄)နှစ်အရွယ် အဖွားတို့ဟာ ကြည့်ရှု့စောင့်ရှောက်မယ့် သားသမီးတွေ မရှိကြတဲ့အပြင် မျက်လုံးလည်း မမြင်ကြတော့တဲ့အတွက် လုပ်ကိုင်စားသောက်လို့ မရတော့ဘဲ စားဝတ်နေရေးနဲ့ ဆေးကုသဖို့ အခက်အခဲဖြစ်လို့ နေပါတယ်..။

Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc

အဖိုးက မျက်လုံးတစ်ဖက် တိမ်ဖုံးနေပြီး အဖွားကတော့ မျက်လုံးနှစ်ဖက်လုံး မမြင်ရတော့တာကြောင့် အဖိုးအဖွားနှစ်ယောက်လုံး ပင်ပန်းကြီးစွာ နေထိုင်စားသောက်နေရပြီး ဘုန်းကြီးက ဆိုင်ကယ်ဆိုင်တွဲလေးကို ပေးထားတယ်လို့ သိရပါတယ်..။

အဖွားအတွက်မျက်လုံးခွဲစိတ်ကုသဖို့ အလှူရှင်ရှိနေပေမယ့် တခြားဆီးချိုရောဂါအတွက် သောက်ဆေးနဲ့ စားဝတ်နေရေးအတွက် အရမ်းကို အခက်အခဲဖြစ်နေကြတာပါ..။

Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc

အဖိုးနဲ့အဖွားအတွက် သရုင်ဆောင်မေနွယ်ထွန်းက တတ်နိုင်သလောက် ဖေးမကာ အလှူငွေ ကူညီလှူဒါန်းထားသလို တတ်နိုင်တဲ့စေတနာရှင်တွေကိုလည်း ကူညီပေးကြဖို့ တိုက်တွန်းထားပါသေးတယ်..။

​လိုအပ်နေသူတွေအတွက် အခုလိုခက်ခဲကြပ်တည်းနေကြတဲ့ အချိန်မှာ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့် ကူညီနေကြတဲ့ ပြည်သူတွေရဲ့ စိတ်ထားနဲ့ စေတနာသဒ္ဒါတရားတွေကတော့ တကယ်ကို လေးစားစရာပါပဲ..။

Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc
Photo Credit - May Nwe Htun's Fb Acc

သတင်း အရင်းအမြစ်May Nwe Htun's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T