ယမန်နေ့ညတွင်ကချင်ပြည်နယ်၊အင်းတော်ဒေသရှိ စာသင်ကျောင်းတစ်ကျောင်း မီးလောင်ခဲ့ရသည့်အခြေအနေ

//s9.kh1.co/5c/5c61f131c639f95628b737fbeb0e57c243487e33.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ မီးလောင်ကျွမ်းမှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေမကြာခဏဖြစ်နေတာကြောင့် ပြည်သူတွေလည်းကြောက်လန့်နေကြရတာဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုအများစုမှာဈေးတွေ၊အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ စာသင်ကျောင်းတွေဖြစ်ပြီး အသက်သေဆုံးရတဲ့အဖြစ်တွေနဲ့လည်းကြုံတွေ့နေကြရပါတယ်။ ယမန်နေ့ည ဇွန်လ(၉)ရက်နေ့ ည(၁၀)နာရီခန့်အချိန်မှာလည်း ကချင်ပြည်နယ်၊အင်းတော်ဒေသရှိ လုံးတုံကျေးရွာစာသင်ကျောင်းမီးလောင်ခဲ့တယ်လိုသိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မီးလောင်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်းလုံးလည်း ပြာကျပျက်စီးခဲ့ရပြီး ကချင်ပြည်နယ်မှာ တစ်ညကိုစာသင်ကျောင်းတစ်ကျောင်းနှုန်းနဲ့ မီးလောင်မှုဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ အခုလိုရုတ်တရတ်အရှိန်ပြင်းပြင်းနဲ့လောင်ကျွမ်းခဲ့တာကြောင့် မီးငြှိမ်းသတ်ကြပေမယ့် တစ်ကျောင်းလုံးလောင်ကျွမ်းသွားခဲ့ရတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုလိုနိုင်ငံရေးမတည်မငြိမ်ဖြစ်နေကာ ဈေးတွေမီးလောင်၊စာသင်ကျောင်းတွေမီးလောင်နဲ့ဖြစ်ပေါ်နေတဲ့အတွက် ပြည်သူတွေမှာလည်း နေ့စဉ်နဲ့အမျှ ကျီးလန့်စာစားဘ၀ကိုရောက်နေကြရတာပါ။ မီးလောင်မှုတိုင်းလိုလိုဟာလည်း ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့အချိန်တွေမှာလောင်ကျွမ်းတာကြောင့် ဒေသခံတွေကရှို့မီးဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T