မိုးရွာကြီးထဲမှာ အထုပ်အပိုးလေးတွေသယ်ကာ ဘေးလွတ်ရာကိုထပ်မံရှောင်တိမ်းနေရတဲ့ မင်းတပ်ဒေသရှိပြည်သူများရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/1d/1daaa428775ac140ec9b99846ed096c0c73dc9fc.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ မင်းတပ်မြို့မှာ စစ်ဘေးရှောင်ပြည်သူတွေလည်းတစ်ဆထက် တစ်ဆတိုးပွားလာနေပြီး တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ မင်းတပ်မြို့နယ် CDFတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်နေမှုများကြောင့် အသက်ဆုံးရှုံးရတဲ့သူတွေလည်း များလာနေပြီး လက်နက်ကြီးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေထိပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေမှာဘေးလွတ်ရာကို ထပ်မံပြောင်းရွှေ့နေကြရတာပါ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မင်းတပ်ကို စစ်အုပ်ချုပ်ရေးကြေငြာထားပြီး သောက်သုံးရေဖြတ်တောက်မှု၊စားနပ်ရိက္ခာဖြတ်တောက်မှုတွေလည်း ပြုလုပ်ခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ ဆင်းရဲဒုက္ခမျိုးစုံကိုကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အပြင် မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်လည်း စစ်ဘေးရှောင်ပြည်သူတွေမှာ မိုးထဲရေထဲမှာ ဒုက္ခရောက်နေကြရတဲ့အပြင် ပစ်ခတ်မှုတွေကြောင့် မိုးရွာထဲမှာပါ ဘေးလွတ်ရာကို ရွာလုံးကျွတ်ထွက်ပြေးခိုလှုံနေကြရတယ်လို့ သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စစ်ဘေးရှောင်ပြည်သူတွေအတွက် ထမင်းပူပူ၊ဟင်းပူပူစားရတာမျိုးလည်းမရှိပါ။ အိမ်ကောင်း နေရာကောင်းမျိုးတွေမှာလည်း အေးအေးချမ်းချမ်းနေခွင့်မရှိပဲ ကျီးလန့်စာစားဘ၀နဲ့ထွက်ပြေးနေကြရတာဖြစ်ပါတယ်။ ယနေ့မှာဆိုရင်လည်း မိုးသည်းထန်နေတဲ့ကြားကနေ မင်းတပ်ဒေသရှိပြည်သူတွေက အထုပ်အပိုးတွေကိုယ်စီနဲ့ဘေးလွတ်ရာကို ထပ်မံထွက်ပြေးနေကြရပြန်ပြီဖြစ်ပါတယ်။ အခုလိုမင်းတပ်ရှိ‌စစ်ဘေးသင့်ပြည်သူတွေရဲ့ မြင်ကွင်းပုံရိပ်တွေကို ဒေသခံတစ်ဦးကသူမရဲ့ Facebookစာမျက်နှာမှာတင်ပေးလာခဲ့တာကြောင့် ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T