မြန်မာပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေကြီးဟာ (၄)လ ကျော်ကြာမြင့်သွားပေမယ့် ပြည်သူလူထုကလည်း အရာရာကိုပေးဆပ်ပြီး ဆက်လက်ကြိုးစားနေကြဆဲဖြစ်ပါတယ်။ဒီကာလမှာ လူငယ်သူရဲကောင်းတွေလည်းများစွာထွက်ပေါ်လာပြီး အသက်ကိုတောင်စွန့်လွှတ်ရဲကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုမင်းဟန်ထက်ရဲ့ နေအိမ်နဲ့လုပ်ငန်းတွေကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Min Han Htet’s Facebook Acc
Photo Credit: Min Han Htet’s Facebook Acc

ကိုမင်းဟန်ထက်က လူထုလှုပ်ရှားမှုတွေမှာဆိုရင်လည်း ရှေ့ဆုံးကနေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ ကိုမင်းဟန်ထက်လည်း လုံခြုံစိတ်ချရတဲ့နေရာမှာ  ရှောင်တိမ်းနေထိုင်နေတာဖြစ်ပါတယ်။ကိုမင်းဟန်ထက်တို့မိသားစုက ဒီကာလမှာ တစ်နေရာစီဝေးနေကြတဲ့အချိန် ပိုင်ဆိုင်မှုတွေကိုပါ ပိတ်သိမ်းခံလိုက်ရတာပဲဖြစ်ပါတယ်။ကိုမင်းဟန်ထက်ရဲ့ မိခင်နဲ့ဖခင်ကလည်း သားဖြစ်သူကို “စိတ်မပျက်ဖို့၊လုပ်စရာရှိတာဆက်လုပ်ဖို့”ဆိုပြီး လှမ်းအားပေးလိုက်သေးတာဖြစ်ပါတယ်။ 

Photo Credit: Min Han Htet’s Facebook Acc
Photo Credit: Min Han Htet’s Facebook Acc

ကိုမင်းဟန်ထက်ကတော့ “ ဒီကိစ္စတွေက ဒီတော်လှန်ရေးမှာ အသက်တောင်ပေးခဲ့ရတဲ့သူတွေ၊ ဘဝတောင်ပေးခဲ့ရတဲ့သူတွေနဲ့ ယှဥ်ရင် ဘာမှမဟုတ်သေးပါဘူး။ “ဆိုပြီး အားတင်းထားတာဖြစ်ပါတယ်။ပြည်သူလူထုကလည်းအသက်ပေးခဲ့ရသူတွေ၊ဘဝပေးခဲ့ရသူတွေ၊အကျဉ်းထောင်ထဲမှာနေရသူတွေ၊တောထဲရောက်နေသူတွေအတွက်ဘယ်တော့မှသွေးမအေးကြတာဖြစ်ပါတယ်။အခုလိုမျိုး မိမိရဲ့နေအိမ်နဲ့လုပ်ငန်းတွေကို ချိတ်ပိတ်ခံလိုက်ရတာတောင် အားအင်အပြည့်နဲ့ရှေ့ဆက်နေတဲ့ ကိုမင်းဟန်ထက်ရေးသားထားတဲ့စာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။  

Photo Credit: Min Han Htet’s Facebook Acc
Photo Credit: Min Han Htet’s Facebook Acc

Source&Photo Credit: Min Han Htet’s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။