ဒေါက်တာတေဇာဆန်းကတော့ မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးမှာ ပထမဆုံးလမ်းပေါ်ထွက်ပြီး ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦး ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုတေဇာဆန်းက အန္တရာယ်တွေကြားကနေ ကိုယ့်နိုင်ငံအရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့တာလည်း ဖြစ်ပါတယ် ။ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံက ကိုတေဇာဆန်းရဲ့စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပြီး ဇွန်အရေးအခင်း ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Zaw Moe Aung's FB Page
Photo Credit-Zaw Moe Aung's FB Page
Photo Credit-Zaw Moe Aung's FB Page

တောင်ကိုရီးယားနိုင်ငံရဲ့ ဇွန်အရေးအခင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ ဇွန်လ (၁၀) ရက်နေ့၊ မနက် (၁၁)နာရီခန့်က ဂျောလာပြည်နယ်၊ မုတ်ဖိုမြို့ရှိ ပြည်နယ် ဝန်ကြီးချုပ်ရုံး အရှေ့ မြက်ခင်းပြင်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီပွဲကိုတော့ တောင်ကိုရီးယားနိုင်ငံရဲ့ပြည်နယ် ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ ပြည်နယ် ပညာရေးမှူး၊ ဒီမိုကရေစီ ခေါင်းဆောင်များ၊အဖွဲ့အစည်းများနဲ့ ဂုဏ်သရေရှိ လူကြီးများတက်ရောက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Zaw Moe Aung's FB Page
Photo Credit-Zaw Moe Aung's FB Page
Photo Credit-Zaw Moe Aung's FB Page
Photo Credit-Zaw Moe Aung's FB Page

ဒီပွဲမှာ မြန်မာနိုင်ငံအရေးအတွက် ကြိုးစားပေးနေတဲ့ ဒေါက်တာတေဇာဆန်းကို ဇွန်အရေးအခင်း ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့တာဖြစ်ပြီး ကိုဇော်မိုးအောင်(ဥက္ကဌ၊ ကိုရီးယား မြန်မာပူးတွဲလုပ်ဆောင်​ရေးအဖွဲ့)က ကိုယ်စားလက်ခံရယူပေးခဲ့တာ ဖြစ်ပါတယ် ။ ကိုတေဇာဆန်းကတော့ သူ့ကိုအခုလို အသိအမှတ်ပြုပြီး ဆုချီးမြှင့်ပေးတဲ့ တောင်ကိုရီးယားနိုင်ငံအတွက် ဗီဒီယိုဖိုင်နဲ့အတူ ကျေးဇူးတင်စကားပြောခဲ့တာ ဖြစ်ပါတယ် ။ ကိုတေဇာဆန်းရဲ့ ကျေးဇူးတင်စကားကို ကိုဇော်မိုးအောင်(ကိုရီးယား) ကတစ်ဆင့် ဖတ်ကြားပေးခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Zaw Moe Aung's FB Page

Photo Credit-Zaw Moe Aung's FB Page
Photo Credit-Zaw Moe Aung's FB Page
Photo Credit-Zaw Moe Aung's FB Page

(ဗီဒီယိုကြည့်ရန်အတွက် အောက်ပါလင့်ကို ပုံထဲကအတိုင်း Select လုပ်ပါ။ ပြီးလျှင် ‌ပေါ်လာသည့် Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။ )

https://www.facebook.com/zawmoeaungkorea/videos/316870293243914/

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။