မြန်မာ့အရေးကို စွမ်းစွမ်းတမံကူညီပေးတဲ့ တောင်ကိုရီးယားရဲ့ ဂွမ်ဂျူမြို့မှာ အဆောက်အဦးပြိုကျမှုဖြစ်ပွားပြီး လူကိုးဦးသေဆုံး

//s9.kh1.co/79/790ffba133e6186b4a4672932c99fa2accdd407b.png
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

တောင်ကိုရီးယားနိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ Gwangju မြို့က အထပ်ငါးထပ်ရှိ အဆောက်အဦအား ဖြိုဖျက်နေစဉ် ဇွန်လ (၉) ရက် ညနေပိုင်းမှာ ရုတ်တရက် ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာနဲ့ နီးစပ်သူများက ယင်းပြိုကျမှုအား မီးသတ်တာဝန်ရှိသူများထံ ဒေသစံတော်ချိန် ညနေ (၄) နာရီ (၂၂) မိနစ် (ဂရင်းနစ်စံတော်ချိန် ၀၇၂၂) မှာအကြောင်းကြားခဲ့ကြပါတယ်။ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး ကားမှတ်တိုင်မှာ ရပ်ထားတဲ့ ဘတ်စ်ကားတစ်စီးဟာလည်း အပျက်အစီးပုံအောက် ရောက်ရှိ သွားပြီး သေဆုံးသူ (၉) ဦး နှင့် အခြားဒဏ်ရာရရှိသူ (၈) ဦးအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Photo Credit - AsiaPeopleMyanmar's FB Acc
Photo Credit - AsiaPeopleMyanmar's FB Acc
Photo Credit - AsiaPeopleMyanmar's FB Acc
Photo Credit - AsiaPeopleMyanmar's FB Acc

ကယ်ဆယ်ရေးသမားများဟာ လူ (၁၇) ဦးကို ကယ်တင်နိုင်ခဲ့ပြီး အများစုမှာ အပျက်အစီး အောက်မှာရှိတဲ့ ဘတ်စ်ကားပေါ်မှဖြစ်ကြောင်းနဲ့ ပိတ်မိနေနိုင်တဲ့ လမ်းလျောက်သွားသူ သို့မဟုတ် ဆောက်လုပ်ရေး အလုပ်သမားများကို ဆက်လက်ရှာဖွေနေကြောင်း ဖော်ပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့နှင့် မီးသတ်တာဝန်ရှိသူများ လည်း မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျအား စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းဖြစ်ပေးခဲ့တဲ့ ကိုရီးယားနိုင်ငံမှာ အခုလိုဖြစ်ရပ်ဆိုးမျိုး ကြုံတွေ့ခဲ့ရတာ ကိုရီးယားနိုင်ငံနဲ့ထပ်တူ မြန်မာပြည်သူပြည်သားတွေလည်း စိတ်မကောင်းဖြစ်ရပါတယ်။

Photo Credit - AsiaPeopleMyanmar's FB Acc
Photo Credit - AsiaPeopleMyanmar's FB Acc
Photo Credit - AsiaPeopleMyanmar's FB Acc
Photo Credit - AsiaPeopleMyanmar's FB Acc

ကိုရီးယားမီဒီယာတွေကဖော်ပြတဲ့သတင်းတွေမှာ မြန်မာပြည်သူတွေဟာ ထပ်တူစိတ်မကောင်း ဖြစ်ရကြောင်း မှတ်ချက်တွေအများအပြားရေးသားခဲ့ပြီး မြန်မာပြည်သူတို့ရဲ ကိုယ်ချင်းစာတရားနဲ့ နွေးထွေးတဲ့သဘောထားကို ပြသခဲ့ကြပါတယ်။ မြန်မာအတွက်အစစအရာရာကူညီပေးတဲ့ ကိုရီးယားနိုင်ငံမှာ အခုလိုအရေးကြုံလာတဲ့အချိန် ကိုယ်တိုင်ကိုယ်ကျသွားမကူနိုင်သည့်တိုင် စိတ်ခွန်အားဖြစ်စေမယ့် စကားတွေနဲ့ အားပေးခဲ့ကြတာပါ။ ဆုံးပါးသွားသူတွေလည်း ကောင်းရာမွန်ရာကိုရောက်ရှိပြီး ဒဏ်ရာရထားသူတွေလည်း အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - AsiaPeopleMyanmar's FB Acc
Photo Credit - AsiaPeopleMyanmar's FB Acc

သတင်း အရင်းအမြစ်AsiaPeopleMyanmar's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T