ယနေ့မနက် တပ်မတော်လေယာဥ်ပျက်ကျသည့်သတင်းကိုပြည်ပသတင်းဌာနများကကမ္ဘာ့ထိပ်တန်းသတင်းများအဖြစ်ဖော်ပြ

//s9.kh1.co/5d/5dfe1115467243e06e1803f4e0b2a7acaab15040.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ယနေ့ဇွန်လ (၁၀)ရက်နေ့မနက်ပိုင်းမှာတော့ ပြင်ဦးလွင်၊အနီးစခန်းနားရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံထဲကို လေယာဉ်တစ်ဦးပျက်ကျသွားခဲ့တယ်လို့သိရပါတယ်။ ပျက်ကျသွားတဲ့လေယာဉ်က တပ်မတော်လေယာဉ်ဖြစ်တယ်လို့သိရပြီး လူ(၁၆)ယောက်ခန့်လိုက်ပါစီးနင်းလာတယ်လို့ သိရှိရပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် (၁၄)ဦးသေဆုံးခဲ့ပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သေဆုံးခဲ့သူများထဲမှာ သံဃာတော်တစ်ဦးလည်းပါ၀င်နေပြီး အမျိုးသမီးတွေနဲ့ စစ်တပ်ပိုင်းဆိုင်ရာအကြီးအကဲတွေပါ၀င်တယ်လို့သိရပါတယ်။ အခုလိုမျိုးလေယာဉ်ပျက်ကျခဲ့တဲ့သတင်းက ပြည်သူတွေကြားမှာပျံ့နှံ့လာခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ ထင်ကြေးအမျိုးမျိုး၊မှတ်ချက်အမျိုးမျိုးပေးနေကြတာကိုလည်း တွေ့ရပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

တပ်မတော်လေယာဉ်ပျက်ကျတဲ့သတင်းကိုပြည်ပသတင်းဌာနများကကမ္ဘာ့ထိပ်တန်းသတင်းများအဖြစ်ဖော်ပြလာကြတာကိုလည်း တွေ့ရပါတယ်။ ၎င်းလေယာဉ်ဟာ အမေရိကန်လုပ် Beechcraft 1900D သယ်ပို့လေယာဉ်အမျိုးအစားဖြစ်ပြီး အနီးစခန်းလေယာဉ်ကွင်းကိုဆင်းသက်စဉ် မြူများထူထပ်နေမှုကြောင့်ပျက်ကျသွားခဲ့တယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T