ပြည်သူတွေကိုကာကွယ်ဖို့အတွက် လွတ်မြောက်နယ်မြေမှာစစ်ပညာသင်ယူရင်း ဖြစ်သလိုစားကာအားဖြည့်နေကြတဲ့ ဟားငါးကောင်အဖွဲ့

//s9.kh1.co/4d/4d22bf2e9b77d5d9c9b1fc7ac971e1c258b332e8.jpg
အနုပညာရှင်များ

 ၁၀-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်ပြီး လူငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့ လူရွှင်တော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟား(၅)ကောင်ကိုသိကြမယ်ထင်ပါတယ်။ ဟား(၅)ကောင်အဖွဲ့ဟာ အမြဲလိုလိုပြောင်မြောက်ထိမိလှတဲ့ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အ၀ရရှိထားသလို ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ လူရွှင်တော်တွေလည်းဖြစ်ပြီး အခုဆိုရင်လည်း လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေပြီလည်းဖြစ်ပါတယ်။

Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc
Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc
Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc
Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc

ဟားငါးကောင်အဖွဲ့က အနုပညာအလုပ်တွေလုပ်စဥ်တုန်းကလည်း တက်ညီလက်ညီရှိကြသလို အခုလိုအချိန်မှာလည်း ညီအစ်ကိုရင်းတွေပမာစည်းလုံးညီညွတ်နေကြတာလည်းဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့က ပြည်သူတွေကိုအကာအကွယ်ပေးဖို့အတွက် တာလပတ်မိုးထားတဲ့ အိမ်လေးထဲမှာပင်ပန်းဆင်းရဲစွာနဲ့ စစ်ပညာသင်ယူနေကြပြီး အစားအသောက်ကိုလည်းဖြစ်သလိုလေး စားကြရင်းအားဖြည့်နေကြတာဖြစ်ပါတယ်။

Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc
Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc
Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc
Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc

အနုပညာရှင်တွေဖြစ်ပေမယ့် အခုလိုပင်ပင်ပန်းပန်းခက်ခက်ခဲခဲနဲ့ စစ်ပညာသင်ယူနေကြတဲ့ ဟားငါးကောင်အဖွဲ့ကတော့ လေးစားစရာကောင်းလွန်းပါတယ်။ ဟားငါးကောင်အဖွဲ့က မကြာခဏဆိုသလို သူတို့ရဲ့လှုပ်ရှားမှုပုံရိပ်တွေနဲ့ နိုင်ငံရေးအခြေအနေတွေကို Facebookစာမျက်နှာမှာ တင်ပေးလေ့ရှိပါတယ်။ အခုဆိုရင်လည်း ပိုးလေးက သူ့ရဲ့ Facebookစာမျက်နှာမှာ "စားလို့ အရမ်းကောင်းတယ်......" ဆိုပြီး captionလေးရေးသားကာ တောတောင်ထဲမှာ ဖြစ်သလိုလေး စားသောက်နေရင်း ပျော်ရွှင်နေကြတဲ့ပုံလေးတွေတင်ပေးလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc
Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc
Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc
Photo credit-ပိုးလေးအဖာစနာဆရာကြီး's Facebook acc

သတင်း အရင်းအမြစ်ပိုးလေးအဖာစနာဆရာကြီး's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T