ပြည်သူလူထုကတော့ အခုချိန်မှာဆိုရင် ခက်ခဲနေသူတိုင်းကို စေတနာ၊မေတ္တာအပြည့်နဲ့ ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။ဒီကာလမှာ လူသားချင်းစာနာထောက်ထားမှုအပြည့်ရှိကြပြီး အရာရာကို တစ်စိတ်တစ်ဝမ်းတည်းရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ဇွန်လ (၇) ရက်နေ့ညက ကားတိုက်မှုကြောင့် ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့သူတွေအတွက်လည်း ပြည်သူတွေက ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းနေကြတာဖြစ်ပါတယ်။သေဆုံးသွားတဲ့ထဲမှာ (၁၆) နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ မိဘနှစ်ပါးလုံးပါဝင်နေတာဖြစ်ပါတယ်။        

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကျောင်းတောင်မပြီးသေးဘဲ မိဘတွေကိုအားကိုးနေရဆဲဖြစ်တဲ့ ကောင်လေးအတွက် ပြည်သူလူထုကလည်း စိတ်ထိခိုက်နေရတာဖြစ်ပါတယ်။ဒါ့ကြောင့် ကလေးရဲ့ဘဝရှေ့ရေးအတွက် တတ်နိုင်သလောက်ကူညီပေးဖို့ စေတနာရှင်တစ်ဦးက ဦးဆောင်ပြီး အလှူငွေကောက်ခံခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကလည်း အလှူငွေတွေပါဝင်လှူဒါန်းကြပြီး ကလေးအတွက် တစ်တပ်တစ်အားကူညီဖေးမပေးကြတာဖြစ်ပါတယ်။လက်ရှိမှာတော့ (၁၆) နှစ်အရွယ် လူငယ်လေးလည်း အားတင်းပြီး ရှေ့ဆက်လျှောက်လှမ်းနေတာဖြစ်ပါတယ်။    

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေကတော့ မသေသင့်ဘဲ သေခဲ့ရတဲ့သူတွေအတွက် တရားမျှတမှုရပါစေ ဆိုပြီးတော့လည်း ဝိုင်းဝန်းဆုတောင်းပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ စေတနာရှင်တစ်ဦးက အလှူငွေကောက်ခံထားလို့ ရရှိလာတဲ့ငွေကြေးအားလုံးကို ကလေးနဲ့တွေ့ဆုံပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။အခုလိုလှူဒါန်းပေးကြတဲ့ အလှူရှင်တစ်ယောက်ချင်းစီကို ကလေးကလည်း ကျေးဇူးတင်စကားပြောလိုက်သေးတာဖြစ်ပါတယ်။မိဘနှစ်ပါးလုံးကိုတစ်ပြိုင်တည်းဆုံးရှုံးလိုက်ရတဲ့ ကလေးကို ဝိုင်းဝန်းကူညီပေးကြတဲ့ ပြည်သူတွေရဲ့စေတနာကို ပီတိဖြစ်မိရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။