အနီရောင်၀တ်စုံတွေ၀တ်ကြပြီး ရဲရဲနီကာဇွဲမလျှော့ကြပဲ ဆန္ဒထုတ်ဖော်နေကြတဲ့ဖားကန့်တာမခန်သပိတ်စစ်ကြောင်း

//s9.kh1.co/09/09153b2e28feadddc3fdeef982946c6864405bb5.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဖိနှိပ်မှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေများပြားနေပေမယ့် ပြည်သူတွေရဲ့စစ်အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းတွေကတော့ အဆက်အပြတ်ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ ရန်ကုန်၊မန္တလေးစတဲ့ မြို့ကြီးတွေမှာလည်း ပြည်သူတွေက ပြောက်ကျားသပိတ်‌တွေအနေနဲ့ထွက်ကာ တော်လှန်နေကြသလို မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ ကျေးရွာ၊မြို့နယ်တွေမှာလည်း ဆန္ဒပြသပိတ်တွေအားကောင်းစွာနဲ့ ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဒီကနေ့ ဇွန်လ (၁၁)ရက်နေ့မှာဆိုရင်လည်း ကချင်ပြည်နယ် ဖားကန့် တာမခန်ရှိပြည်သူလူထုတွေစုပေါင်းကာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်တဲ့ သပိတ်တွေထွက်ခဲ့ကြတာဖြစ်ပါတယ်။ ပြည်သူတွေက အနီရောင်၀တ်စုံတွေ၀တ်ဆင်ထားကြပြီး ရဲရဲနီကာသပိတ်စစ်ကြောင်းထွက်ခဲ့ကြတာပါ။ ဖမ်းဆီးသတ်ဖြတ်မှုတွေကြားထဲကနေ အခုလိုသတ္တိရှိစွာနဲ့ထွက်လာကြတဲ့ ကျေးရွာနေလူထုရဲ့သတ္တိကတော့ မလေးစားပဲမနေနိုင်အောင်ကိုပြောင်မြောက်လွန်းကြပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဒီသပိတ်စစ်ကြောင်းမှာဆိုရင် ပြည်သူတွေရာနဲ့ချီပါ၀င်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီးတွေအများစုပါ၀င်ချီတက်ခဲ့ကြတာပါ။ ရက်ပေါင်း ၁၀၀ကျော်ကြာ ကြာမြင့်နေပြီ‌ဖြစ်ပေမယ့် ပြည်သူတွေကတော့ ရရာနည်းလမ်းနဲ့ စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြဆဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T