မရှုမလှ တိုက်ခိုက်ခံရရုံသာမက ဓားနဲ့ပါ ၂၅ ချက်လောက်အထိုးခံခဲ့ရတဲ့ ကောင်မလေး

//s9.kh1.co/5f/5fb34dfb6b799d364c1cedb3ca370df5be2bb26d.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အမေရိကန်နိုင်ငံက Daisy Paulsen လို့ခေါ်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက North Dakota က Shopping Centre မှာ လူစိမ်းအမျိုးသားတစ်ဦးရဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

Daisy ဟာ ပြီးခဲ့တဲ့ သောကြာနေ့ နံနက် ၇ နာရီလောက်က သူမအဖေရှိတဲ့နေရာကနေ shopping centre တစ်ခုကိုဖြတ်ပြီး Fargoက အမေဖြစ်သူရှိရာအိမ်ကို စကိတ်စီးပြီး သွားနေတုန်းမှာ အသက် ၂၃ နှစ်အရွယ် Arthur Prince Kollie လို့ခေါ်တဲ့ အမျိုးသားရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=535,h=608,q=100/d8/d830c660bbf7a9ce1db96d2d0f17cc3184f348ef.jpg
https://s9.kh1.co/__image/w=531,h=608,q=100/6c/6c95d21550d9ec66dd5c5101c00a0c3ea304b4a8.jpg

ရက်စက်ကြမ်းကြုတ်တဲ့ လုယက်မှုလို့ဆိုလို့ရတဲ့ ဒီတိုက်ခိုက်မှုအတွင်းမှာတော့ Daisy ဟာ ရိုက်နှက်ခံရရုံသာမက လည်ပင်းလည်းညှစ်ခံခဲ့ရသလို ဓားနဲ့လည်း ၂၅ ချက်ထိုးခံခဲ့ရပါတယ်။

အဲ့ဒီနောက် သွေးအိုင်ထဲမှာ လဲနေတဲ့ Daisy ကိုရှာတွေ့ခဲ့ချိန်မှာတော့ ကျောပိုးအိတ် ၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တို့ ရှိမနေတော့ဘူးလို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့ Daisy ကိုဆေးရုံပို့ပြီး ဆေးကုသပေးခဲ့ကြပေမယ့်လည်း လည်ပင်းညှစ်ခံထားရတဲ့ဒဏ်က ဦးနှောက်ကိုပါထိနေခဲ့ပါပြီ။

https://s9.kh1.co/__image/w=615,h=409,q=100/bf/bfce38532f784c88bf3c3cdd58765b6ede014a06.jpg
https://s9.kh1.co/__image/w=650,h=436,q=100/ef/ef4833229edbd614ccc05d2767abd3338ab582f6.jpg

ဒါ့အပြင် ဓားဒဏ်ရာတွေကလည်း တစ်ကိုယ်လုံး ပွနေခဲ့ပေမယ့် ဆရာဝန်တွေဟာ Daisy လေးအသက်ဆက်ရှင်သန်ဖို့အတွက် အကောင်းဆုံးကြိုးစားပေးခဲ့ကြပါတယ်။

သို့ပေမယ့်လည်း တိုက်ခိုက်ခံရပြီး လေးရက်လောက်အကြာမှာတော့ Daisy ဟာ သူမရရှိထားတဲ့ ဒဏ်ရာတွေကြောင့်ပဲ သေဆုံးသွားခဲ့ပါတယ်။

လက်ရှိမှာ Daisy လေးကိုတိုက်ခိုက်ခဲ့တဲ့ အမျိုးသားကို ဖမ်းမိထားပြီဆိုပေမယ့်လည်း Daisy ရဲ့အသက်ကတော့ ပြန်မရှင်လာနိုင်တော့ပါဘူး...........

https://s9.kh1.co/__image/w=415,h=311,q=100/8d/8d1b70fa6d1eb5abfbdfc488ce785f7d111e9ea8.jpg

သတင်း အရင်းအမြစ်Mirror

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T